မိုးကြိုးလျှပ်စီးတွေကြောင့် ကျင်းရန် ခန္ဓာကိုယ်တွင်းပျက်စီးကုန်တယ် ကျင်းရန်ပါးစပ်မှ သွေးအလိပ်လိပ်ကျဆင်းနေပြီး မိုးကြိုး ပိုက်ကွင်ကတော့ နည်းနည်းလေးမျှ တကယ်ကို နည်းနည်းလေးသာ ပျက်စီးလေတယ်
ဖုန်းဟွား ချစ်ရသူရဲ့  အဖြစ်ကိုရင်နာစွာကြည့်ကာ ငိုယိုနေရုံမှ တစ်ပါး ဘာမျှ မတက်နိုင်ခဲ့ ဖုန်းဟွားငိုနေတာကိုကြည့်ကာ စိတ်မကောင်းဖြစ်နေတဲ့  တံခွန်ဟာလည်း ဘာမျှ မတက်နိုင်ခဲ့"အဟား ဟား ဟား ဟား ဘယ်လောက်တောင် လှပတဲ့  ပြဇာတ်လေးလည်း ချစ်သူတွက် အသက်စွန့်ကယ်တဲ့ သူရဲကောင်းလေး "
တဟားဟား အော်ရီကာ လှောင်နေသော မိတ္ဆာအို စကားကို ဘယ်သူမှမကြားနိုင်လောက်အောင် ကိုယ့်အပူနဲ့ ကိုယ်ဖြစ်နေကြရလေတယ်
ချီဟူ နာကျင်နေသော ခန္ဓာကိုယ်ထက် သူ ချစ်ရသူ နာကျင်နေသော မြင်ကွင်းကို ကြည့်ရင်း နောင်တရမိတယ် သူသာ စွန့်လွတ်ပေးနိုင်ခဲ့ရင် သူ့ ချစ်သူအပြုံးတွေကို မြင်နိုင်သေးအုံးမည်ဖြစ်ပြီး သူလည်း ခုလိုနာကျင်မည်မဟုတ် ချီဟူ ဆုံးဖြတ်လိုက်ပြီ
* ကျင်းရန် ခင်ဗျား စိတ်ချမ်းသာဖို့ ကြိုးစားကြည့်ကြတာပေါ့ *ချီဟူသွေးပွက်ပွက်အန်နေရင်း မိုးကြိုးလှောင်အိမ်ကြီးနား လျှောက်သွားလိုက်တယ် မိတ္ဆာအို ကတော့ ပြုံးပြုံးကြီးရပ်ကာ ပါးစပ်မှလည်း တတွတ်တွတ် ရွတ်ဆိုနေလေတယ်
ချီဟူ ရှိသမျှ အင်အားထုတ်ကာ လှောင်ချိုင့်ကို ဖြတ်ဖို့ကြိုးစားလိုက်တယ် နာကျင်လွန်းတာကြောင့် အားဆိုတဲ့ အော်သံနဲ့ အတူ လှောင့်ချိုင့် ကိုအုပ်မိုးထားတဲ့  မိုးကြိုးတွေဟာ အင်အားလျော့သွားလေသလို ချီဟူ ကိုယ်ကနေ အမှုန်လေးတွေ လွင့်စင်လာလေတယ်
ချီဟူ သိလိုက်သည် သူရဲ့  ဝိညာဉ်ဟာ ထာဝရမွေးဖွားနိုင်တော့မည်မဟုတ်ပေ ကျင်းရန် တစ်ကိုယ်လုံးဖြူလျော့ကာ သွေးတွေဟာ အဝတ်တွေပေါ် စွန်းထင်းကာ အရောင်ပင်ပြောင်းကုန်လေပြီ ဖုန်းဟွား သူချစ်သူအဖြစ်ကို ကြည့်ရင်း နာကျင်လွန်းတာကြောင့် နူတ်ခမ်းထောင့်မှ သွေးမှ ကျဆင်းလာလေတော့တယ်
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ