မင်ဆော့ မနက်အတန်းရောက်တော့ သိသိသာသာ သူ့ကိုကြည့်ကာ တီးတိုးပြောဆိုနေကြပြီး တစ်ချို့ က အားကျသလို တစ်ချို့ ကျ ရွံရှာတဲ့ ပုံစံအမျိုးမျိုးကိုတွေ့ မြင်နေရတာကြောင့် အံ့သြမိသွားတယ် မင်ဆော့ ခုံမှာထိုင်နေစဉ် ဝန်ယောရောက်လာကာ အကြောင်းအရင်းပြောပြလေတော့ မင်ဆော့ပိုတောင်အံ့သြသွားရတယ် ဘယ်နှယ် သူနဲ့ စီနီယာ ချစ်သူဖြစ်တာ တစ်ပတ်တောင်မပြည့်သေး ဘယ်လိုသိပြီး ဘယ်သူကများဖွပေါက်လုပ်သွားတာပါလိမ့်
တံခွန် ဘယ်သူလည်းစုံစမ်းပေးနိုင်လား
[ဒါပေါ့ သုံးမိနစ်စောင့် ]
ခေါက်ဆွဲပြုတ် တောင်စားချင်သွားပြီ သုံးမိနစ်ဆိုလို့  မင်ဆော့ တွေးမိတယ် ထိုအချိန် အတန်းထဲက ယေက်ျားလေးတစ်ယောက်က ထဖောက်လေတော့တယ်
"ထွီ ရွံ့ ဖို့ကောင်းလိုက်တာ ယောက်ျားအချင်းချင်းများကြိုက်စရာရှားလို့ကွာ "
"ဟေ့ကောင် မင်းအဲ့လိုမပြောနဲ့လေဟာ " ထိုသူဘေးကတစ်ယောက်က တီးတိုးဖြောင့်ဖြပေမယ့် ထိုလူကတော့
"ဘာလဲ ငါတို့အတန်းထဲ ခုလို ရွံ့ စရာတွေရှိနေတာကို
ငါကငြိမ်ခံနေရမလား မနေနိုင်ဘူး ဟေ့ကောင် မင်ဆော့ မင်းသာအရှက်ရှိရင် အတန်းထဲက out လိုက်တော့ "ထိုအချိန်တစ်ချို့ လူတွေစိတ်ထဲ ပြသာနာကတော့စပြီလို့ တွေးကာ ဝေးဝေးရှောင်ဖို့စဉ်းစားကြလေသလို တစ်ချို့ ကြဝင်ပါဖို့ဆုံးဖြတ်ကြတယ်
"ဘာဆိုင်လို့  မင်ဆော့ကထွက်ရမှာလဲ မင်းရွံရင် မင်းထွက်သွား ငါတို့ကို လာဂရုစိုက်စရာမလိုဘူး ok "
ဝန်ယောက ပြန်ခံပတ်ခိုက်တာကြောင့် ထိုလူက စိတ်တိုသွားကာ ခုံတွေကို ဆောင့်ကန်ပြီး ဝန်ယောဆီ လာကာ ကော်လံကနေဆွဲရင်း
"မင်း ဘာစောက်စရာပြောတာလဲ မင်းတို့စောက်ခြောက်တွေသာ ဝေးဝေးသွားသင့်တယ် "မင်ဆော့ ဝန်ယော ကော်လံကို ဆောင့်ဆွဲထားသော လက်ကို ဆုပ်ကိုင်လိုက်ကာ
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ