ဟွမ်မင် မိန်းကလေးတစ်ယောက်လို ဝတ်စားကာ နေထိုင်ရလေသည်။သူ့ ကို အားလုံးက ရှောင်သွမ့် စန်းလို့  ထင်ကြတာမို့  ရှောင်ကြင်ယာတော်လို့ သာ ခေါ်လေသည်။ ဟွမ်မင် အစပိုင်းတွင် အပြင်ခနခနထွက်ကာ နေလေ့ရှိသော်လည်း ကိုယ်ဝန်ကြောင့် လဖြေးဖြေး ရင့်လာတာနဲ့  အပြင်မထွက်ဖြစ် ပြီးတော့ ကိုယ်ဝန်ရှိမှန်း မသိအောင် ဆင်ခြင်နေထိုင်ရလေသည်။ တော်သေးတာက ဟွမ်မင် ဒီရောက်စက နန်းပြင်ခိုးထွက်တော့ ကောင်မလေးတစ်ယောက်ကို ခေါ်ဆောင်လာနိုင်ခဲ့သည်။ထိုကောင်မလေးက ဟွမ်မင်ကို ယောင်္ကျားလေးမှန်း သလို ကိုယ်ဝန်ရှိနေတာကိုလည်း ဖုံးကွယ်ပေးထားပြီး မိမိဘက်တော်သား ပင်။
"ဟွမ်မင် ရော့ ဒီဆေးသောက် ကိုယ်ဝန်အားဆေး "
ပြောရင်း ဟွမ်မင်ရှေ့  စားပွဲတွင် ချလာပေးသော ဆေးကြောင့် မျက်နှာမဲ့သွားလေသည်။သို့ သော် ခွက်ကို ယူကာ ဟွမ်မင် နှာခေါင်းကို ပိတ်ကာ မော့ချလိုက်လေသည်။
"ဒီမှာ သကြားခဲ " ရှင်းယွမ် ပေးလာတဲ့  သကြားခဲကို ပါးစပ်ထဲ ထည့်သွင်းကာ စားလိုက်လေသည်။ဟွမ်မင် ဒီကမ္ဘ္ဘ္ဘာရောက်မှ အရမ်းပင်ပန်းသလို ခံစားနေရပြီး ကိုယ်ဝန်ကြောင့် စိတ်အားနည်းတာတွေ ခနခန ဖြစ်နေတတ်လေသည်။မိဖုရားတွေ က ပြသာနာ ရှာတတ်ကြသလို အဆောင်ထိလာကာ ရန်လုပ်ကြတာလည်း ရှိလေသည်။ တစ်ခါတစ်ခါ ပစ္စည်းပျောက်တယ် သူခိုးပါလို့  စွတ်စွဲခံရတာ တစ်မျိုး ဖုန်းဝမ်သာ မပြောရင် ခုလောက် သူ ခေါင်းတခြား ကိုယ်တခြား ဖြစ်ရော့မည်။
ဟွမ်မင် စဉ်းစားရင်း အိပ်မောကြသွားလေတော့သည်။ဟွမ်မင် ကိုယ်ဝန်သုံးလထဲတွင် ရောက်နေပြီး အစပိုင်းတွင် အစာမဝင်သည်ထိ အော့အန်မူးဝေတွေ ဖြစ်ခဲ့သည်။နောက်တော့ တဖြေးဖြေး စားဝင်လာသလို အအိပ်လည်း မက်လာလေသည်။
သို့ သော် ဟွမ်မင် မသိတာကတော့ တစ်စုံတစ်ယောက်ဟာလည်း ဟွမ်မင်နဲ့  ဆန့် ကျင်ဘက် လက္ခဏာတွေကို ခံစားနေရလေသည်။လွန်ခဲ့တဲ့ သုံးလ ယဲ့ကွမ်း တစ်ယောက် အရှေ့ ပိုင်း လူမျိုးစုတွေကို စည်းရုံးသိမ်းသွင်းနေခဲ့လေသည်။တစ်ညတော့ ယဲ့ကွမ်း အလုပ်ပင် မလုပ်နိုင်အောင် အိပ်ချင်တာကြောင့် ဝင်အိပ်လိုက်လေသည်။တစ်ညလုံး နီးပါး ယဲ့ကွမ်းတစ်ယောက် ကလေးတစ်ယောက်ရဲ့  ဖေဖေ ဆိုတဲ့ ခေါ်သံကို အိပ်မက်ထဲတွင် ကြားနေခဲ့သည်။ တစ်ပတ်လောက်နေတော့ ယဲ့ကွမ်းတစ်ယောက် အစာစားနှန်းက တိုးလာခဲ့သည်။နောက်တော့ အစာစားရင် အော့အန်ကာ နေထိုင်မကောင်း ဖြစ်၍ ဝီလို မျိုးနွယ်စုကို သိမ်းပြီးရင် ပြန်ရန် ဆုံးဖြတ်ထားလေသည်။
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ