မင်ယန် သရဲမထွက်သွားတော့မှ အမှောင်ရိပ်ထဲက ထိုလူကို ကြည့်မိတယ် ထိုလူဟာ အမှောင်ရိပ်ထဲမှာ သူ့ ရဲ့  စူးရဲနီလန်းနေတဲ့မျက်လုံးအစုံကိုသာ တွေ့ မြင်နိုင်တယ်
မင်ယန် ထိုလူက သူ့ကိုဒုက္ခမပေးတာ သေချာတာမို့  ထိုနားလေးတင် ထိုင်ချလိုက်တယ် ထိုလူကလည်း လိုက်ထိုင်လေတယ်"တခြားသူတွေ အဆင်ပြေကြလား မသိဘူး "
"သူတို့အဆငိပြေမှာပါ"
မင်ယန် အပြောလေးကို ထိုလူက ပြန်ဖြေပေးလေတယ် သူဟာ မင်ယန် မျက်ဝန်းတွေထဲက ကြောက်ရွံ့ နေတာတွေကို မြင်တွေ့ နေရတာ မကြိုက်ပေ
တစ်ဖက်တွင် မေယန် တို့သုံးယောက် ဘယ်လို လုပ်ရမလဲ မသိ ဖြစ်နေလေတယ် သူတို့ ထိုနေရာကို ပြန်သွားဖို့ လည်း သတ္တိမရှိ ဒါပေမယ့်လည်း ကျန်တဲ့သူတွေကို ထားခဲ့ဖို့လည်း မဖြစ်နိုင် နောက်ဆုံး ထိုနေရာပြန်သွားဖို့သာ အရဲစွန့် ရပေတော့တယ်
ရှင်းရှင်းကို ဖက်တွယ်ရင်း စုစု တစ်ယောက် တအင့်အင့်နဲ့  ငိုရှိုက်နေရင်း သူတို့  ပုန်းနေတဲ့နေရာ ကို လိုက်ကြည့်နေမိတယ် ထိုအခါ စုစု ပျက်စီးကျိုးပဲ့နေတဲ့ ခုံအောက်လေးတွင် လက်နေတဲ့ အရာလေးကို သတိထားမိကာ ထိုအရာဘာလဲဆိုတာ သိချင်သွားတယ်
"ရှင်း ဟိုနားက ဘာလဲ မသိဘူး ငါတို့ သွားကြည့်သင့်လား "
ရှင်းရှင်းလည်း စုစု ထိုးပြတဲ့နေရာကို ကြည့်လိုက်တော့ တောက်ပနေတဲ့ အရာလေးကြောင့် ခေါင်းငြိမ့်လိုက်တယ်
ထိုလက်နေတဲ့အရာလေးကို စုစုနဲ့ ရှင်းရှင်း ယူလိုက်သည့်တစ်ခန ကျောင်းတစ်ခုလုံးကို တုန်လှုပ်သွားစေတဲ့ အသံနက်ကြီးတစ်ခု ပေါ်ပေါက်လာလေတယ်ထိုအသံကြောင့် နေရာကွဲနေကြတဲ့ သူတွေအားလုံး လန့်ဖြန့်ကုန်ကြတော့တယ် ရှင်းရှင်းလည်း အခန်းထဲက မူမမှန်တာ ကို သတိထားမိပြီး စုစုလက်ထဲက ဆွဲကြိုးလေးကို လုယူလိုက်ပြီး စုစု လက်ကို ဆွဲကာ အနောက်ပို့ထားမိတယ်
မင်ယန် ခနလေး အနားယူကာ ထိုင်နေတုန်း အော်သံနက်ကြီးကြောင့် တစ်စုံတစ်ယောက်တော့ ဒုက္ခရောက်တော့မည်လို့  ထင်လိုက်တယ် သူ့ mission မရှုံးဖို့  သူသွားကယ်ရမယ် ထို့နေရာက ထကာ အပြေးသွားလိုက်တယ်
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ