နောက်နေ့မနက်စောစော ကျင်းရန် နိုးလာတော့ လက်မောင်းပေါ် ခပ်လေးလေးအရာတစ်ခု ဖိထားသလို ခံစားရသလို လက်တစ်ခုလုံးထုံနေတယ် ကျင်းရန် ဘေးကိုကြည့်မိတော့ အဖြူရောင်ဆံနွယ်ပိုင်ရှင်လေး နဖူးတည့်တည့်မှာ အနီရောင်အမှတ်လေးတစ်ခု ကော့စင်းတဲ့မျက်တောင်ရှည်ရှည်လေး လုံးနေတဲ့နှာထိပ်လေးနဲ့  ဆိုးဆေးမလိုပဲနီရဲနေတဲ့ နူတ်ခမ်းလေးတွေ ကျင်းရန် အာခေါင်ပင်ခြောက်လာသလို ထိုအချိန် အိမ်တော်ထိန်းမှ
"ဝမ်ရယ် ညီလာခံသွားဖို့အချိန်နီးလာပါပြီ " အော်သံကျယ်ကျယ်ထွက်ပေါ်လာတော့ ရင်ခွင်ထဲက အကောင်ပေါက်မှာ လူးလိမ့်လာတာမို့  စိုးရိမ်သွားပေမယ့် ရင်ခွင်ထဲပိုးတိုးဝင်လာကာ ပြန်လည်အိပ်စက်သွားပြန်လေတယ် ကျင်းရန် လက်မောင်းပေါ်ကနေ အသာအယာ ခေါင်းလေးကို ခေါင်းအုံးပေါ်ချပေးလိုက်ပြီး ညီလာခံတွက်ပြင်ဆင်လိုက်တယ် ပြီးမှ ကုတင်ပေါ်မှ အကောင်ပေါက်လေးကို စောင်လုံအောင်ခြုံပေးလိုက်ပြီး ထွက်လာလိုက်တယ်
"ရိ သေချာစောင့်ကြည့်ထား " သူရဲ့  အရိပ်ကိုယ်ရံတော် ရိကို အကောင်ပေါက်ကိုစောင့်ကြည့်ဖို့ မှာကြာကာ ထွက်လာခဲ့တယ်
အချိန်အတန်ကြာပြီးနောက် ဖုန်းဟွားနိုးထလာခဲ့တယ်
သူလူပုံစံပြောင်းသွားတာသိမှ အနည်းငယ်စိတ်ချမ်းသာမိတယ်ဖုန်းဟွား ဇာတ်လိုက်ရဲ့  ဝတ်စုံတွေထဲက သူနဲ့ လိုက်မယ်ထင်တဲ့ဝတ်စုံကိုထုတ်ကာဝတ်လိုက်တယ် ဘာကြောင့်မှန်းမသိ ရင်းနှီးတဲ့ကိုယ်သင်းနံ့ လေးကို သတိထားမိတယ် ထိုအချိန် အထိန်းတော်ကြီးမှ ကျင်းရန်ရဲ့ အခန်းကိုရှင်းဖို့လာရင်း အခန်းထဲက ဝမ်ရယ်ရဲ့  ဝတ်စုံကိုယူဝတ်ကာ ယိမ်းနေတဲ့ကောင်လေးကြောင့်
"ဟေ့ မင်းက ဘယ်သူလည်း ဒီကိုဘာလာလုပ်တာလည်း "ဖုန်းဟွား ကြောင်အနေရင်းမှ ပျင်းနေတာကြောင့်
"ကျွန်တော် ကျွန်တော်က ဝမ်ရယ်ရဲ့  ချစ်သူလေ "
ပြောင်စပ်စပ်မျက်နှာလေးနဲ့ပြောလိုက်တော့ ခေါင်မိုးပေါ် နေရာယူထားတဲ့ရိခင်ဗျား တခိခိ ရီနေပါတော့တယ် အထိန်းတော်ကြီးကတော့ ပိုဒေါသထွက်ကာ
"လာကြစမ်း ဒီလူငယ်ကို ဆွဲထုတ်ကြစမ်း "
အထိန်းတော်ကြီးစကားအဆုံးပြေးဝင်လာတဲ့ စစ်သည်နှစ်ဦး
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ