ငါးရက်တာ လုံး မိဘနားအဖေိာပြုပြီးနောက် ရှင်းညို့ သူ့ တိုက်ခန်းဆီ ပြန်ခဲ့တော့၏။W&W အဖွဲ့  ကွဲသွားပြီးနောက် King နဲ့  Rain က ကိုယ်ပိုင် Live gaming ပြတာရှိပြီး ကျန်သူတွေတော့ သိပ်ပေါ် မလာပေ။
"ဟင်း ဒီတစ်ခါ mission က လွယ်မယောင်ခက် ဖြစ်နေပါလားနော် "
[သောက်ပျင်းတစ်နေပြီးတော့များ ခက်တယ်လေးနဲ့  ပြောနေတာ အံ့သြပါ့ ]
ထိုမှအစပြု ဖုန်းဝမ်နဲ့ ငြင်းခုန်လိုက်ကြသည်။ဒီကမ္ဘာမှ ဖုန်းဝမ်နဲ့  သူ ကမ္ဘာမကြေ ရန်သူတွေအလား တွေ့တာနဲ့  ကိုက်ကြတော့သည်။ငြင်းခုန်နေတုန်း လူခေါ် bell အသံကြောင့် တံခါးဖွင့်ကြည့်လိုက်တော့ ။
"အယ် !!မောင်လေး ထပ်တွေ့  ပြန်ပြီ မားကလေ ဒီမျက်နှာချင်းဆိုင်ခန်းကို ပြောင်းလာတာလေ ဒါလေးက အခန်းတက်လက်ဆောင် နောက်ဆို လာလည်မယ်နော် "
မိမိလက်ထဲ ဖော့ဘူး တစ်ခုကို ထည့်ပေးကာ ပြောချင်ရာပြောသွားသော ဇာတ်လိုက်မ ကြောင့် ရှင်းညို့  ဒုတိယံပိ စိတ်ရှုပ်သွားရလေသည်။ အကောင်းဘက်ကတွေးရင်တော့ သူ ဇာတ်လိုက်မကို စောင့်ကြည့် ဖို့  အခန့် သင့်သွားလေပြီ။
"Double Kill "' ကွန်ပျူတာ screen ထက်က အသံကြောင့် ရှင်းညို့  ဖော့ဘူးထဲက ဒန်ပေါက် ထမင်းကိုစားရင်း ပွဲဆက်ကြည့်လိုက်လေသည်။
"အင်း ဒီလူ လက်ရည် ဘယ်ဆိုးလို့ လဲ"
ခေါင်းတညိမ့်ညိမ့်ဖြင့် ပြီးဆုံးသွားသော ကစားပွဲကိုကြည့်ကာ ဆိုလိုက်လေသည်။ မူလရှင်းညို့ သည် လိပ်တူ ချင်းသဘောကျသူ ဖြစ်၍ငယ်စဉ်ထဲက ပေါင်းသင်းသူမရှိ။ ဒါကြောင့် online gameတွေကသာ သူ့ အတွက်အဖော်မွန်ပင်။ ထိုအချိန် အစ်ကိုဝမ်းကွဲ စိုင်းဝဏ္ဏမင်း တနည်း King က W&W ထဲ ပါလာတော့ ဝင်အားပေးရင်း Day ရဲ့ ဆော့ကစားပုံးတွေကို သဘောကျလာ big fan ဖြစ်လာခဲ့သညိ။ ထို့ နောက် မြင့်ဇူး နဲ့ dating newတွေပါ ထွက်လာတော့ လက်မခံနိုင်ခဲ့တာဖြစ်လေတယ်။
ဒါကြောင့် ဂိမ်းလောကထဲတွင် Sett ဆိုတာ gamerတော်တော်များများက လက်ခါထားရတဲ့  ဝေဖန်ရေးသမားစစ်စစ်ပင်။ စစ်သည်က နွားနို့ ပင် အရှုံးပေးရပေမည်။ သူ့ နူတ်ထွက်စကားတစ်ခွန်း နာမည်ကြီး gamerနဲ့  E sport ကစားသမားတွေတွက် ဂယက်တစ်ခုလိုပင်။
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ