ငါးရက် ဂျေဗီကို Robin ပြန်ရောက်နေတာ ငါးရက်ရှိလေပြီ။Mike လုပ်သမျှ စုံစမ်းနေရပြီး တိုက်ပွဲတွက် ပြင်ဆင်နေရသည်။Joles လက်ထဲ ရောက်နေတဲ့ Leoကိုလည်း မ တွေ့ ရသေး။
"Mr.Joles က မနက်ဖြန် နန်းတော်မှာ Mike ကို ဝင်ဖမ်းချင်နေတယ် "
"အင်း ဝင်ပါစေ ငါတို့ ရည်မှန်းချက်က Mike မဟုတ်ဘူး Leoကို နန်းတင်ပေးဖို့ ပဲ အဲ့တော့ Mikeကို Joles လက်ထဲအပ်လိုက်တာပဲ ကောင်းတယ် "
"ကောင်းပါပြီ နန်းတော်ကို ဝိုင်းဖို့  တပ်လည်း ပြင်ဆင်ထားပါပြီ "
Lucasထွက်သွားမှ Robin လည်း ပြတင်းပေါက်ကနေ မြင်နေရတဲ့ နန်းတော် အဆောင်အဦးကို ကြည့်လိုက်လေသည်။Mike သိပ်ကို တော်လွန်းပြီး ကောက်ကျစ်ယုတ်မာလွန်းသည်။မနက်ဖြန်ပြီးရင် အားလုံး အေးချမ်းသွားမှာပါလေ။
Mike တစ်ယောက် Robin ပြန်ရောက်ကာ Joles နဲ့  ပူးပေါင်းလိုက်တာကို သိလိုက်ရတော့ တုန်လှုပ်မိလေသည်။Joles သည် သူ သတ်လိုက်တဲ့ Kilono ရဲ့  ချစ်သူ ဖြစ်လေသည်။ Kilono ဟာ သိပ်လှပြီး စ်တ်ထားကောင်းတဲ့ သူ ဖြစ်လေသည်။သို့ သော် Mike အမြင်တွင် Kilonoဟာ ဟန်ဆောင်ကောင်းတဲ့ သူတစ်ယောက် ပင်။ထို့ ကြောင့် ကြည့်မရ၍ အနိုင်ကျင့်ဖို့  Mike တပည့်တွေကို ခိုင်းလေတော့သည်။ Kilono Mike တပည့်တွေကြောင့် ဘဝပျက်ကာ စိတ်ဒဏ်ရာပါ ရပြီး စိတ်ကျန်းမာရေးဌာနတွင် ကုသခဲ့ရသည်။ပြန်ကောင်းလာပေမယ့် သူ့ ချစ်သူဖြစ်တဲ့ Joles 'ပေါ် သစ္စာမဲ့သလို ဖြစ်သွားတာကြောင့် ကိုယ့်ကို သတ်သေသွားခဲ့လေသည်။ထိုအချိန်တွင် Jolesဟာ Mikeတပည့်တွေကို Kilono တွက် လက်စားချေ သတ်ဖြတ်ခဲ့တာကြောင့် ထောင်ကျနေခဲ့ခြင်း ဖြစ်လေသည်။ ထောင်ကျသွားတဲ့တွက် ဂျေဗီ ရဲ့  ဒီးမတ်ခေါ် အရှေ့ ပိုင်းကာကွယ်ရေးတပ်မဟာကို အုပ်ချုပ် ခွင့်ကို မရလိုက်တော့တဲ့အပြင် တော်တဲ့ တပ်မှူးတစ်ယောက်ကို ဆုံးရှုံးလိုက်ခြင်းပင်။
"တောက် အသုံးမကျလိုက်တာ နန်းတော်ကို လုံခြုံရေး အပြည့်ချထား သူတို့  ဒီကို သေချာပေါက် လာကြလိမ့်မယ် တစ်ယောက်မှမလွတ်စေနဲ့  ရှိသမျှ အင်းအားအကုတ်သုံး ကျ "
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ