လွိဖုန်း တရုတ်ပြန်သွားတာတစ်ပတ်ပြည့်ခဲ့ပီ တစ်ပတ်ဆိုတဲ့အတော်အတွင်း မင်ဆော့ ရင်ထဲ ဟာနေသလို
ဘေးကုတင်ပေါ် ခနခနကြည့်မိနေတယ် ဝန်ယောကတော့ သူ့စိတ်ပြေအောင် အမျိုးမျိုးလုပ်ပေမယ့် နေသာမနေ လွမ်းဆွတ်တဲ့စိတ်က နေရာအပြည့်ယူလေတယ်
တစ်ဖက်ကလည်း လီဂျွန်ဟို ကြောင့် စိတ်ညစ်ရပြန်တယ် ဇာတ်ကြောင်းဟာ လုံးဝကိုပြောင်းလဲသွားခဲ့ပြီဖြစ်တယ် ရှေးဆက်ဘာဖြစ်လာမလဲဆ်ုတာကို မသိနိုင်တော့ချေကန်တင်းမှာထိုင်နေတုန်း ရောက်လာတဲ့ ချယ်ယွန်း
"မင်ဆော့ ဘာတွေငိုင်နေတာလဲ ဒါနဲ့  စီနီယာ လွိဖုန်း ပြန်မလာသေးဘူးလား ငါ သတိရလို့ သေတော့မှာပဲ "ချယ်ယွန်းဟာ စီနီယာကို ချစ်နေပါတယ်လို့  သူတို့ကို ဝန်ခံခဲ့တယ် အဲ့အချိန်ကဆို မင်ဆော့စိတ်ထဲ သဝန်တိုသလိုခံစားရတယ် စီနီယာကို သူပဲအပိုင်သိမ်းထားချင်တယ် ဘယ်သူမှလုယူသွားမှာကို မလိုချင်ဘူး စီနီယာ တစ်ခြားတစ်ယောက်ကို ချစ်မိသွားမှာလဲ စိုးရိမ်တယ်
"ချယ်ယွန်း မင်းနဲ့ စီနီယာ ဘာဆိုင်သေးလို့လဲ ပီးတော့ မင်ဆော့ဆီ စီနီယာ အကြောင်းခနခနလာမေးရအောင် စီနီယာက မင်ဆော့လင်လည်း မဟုတ် "
"ရား ဘတ်ဝန်ယော စီနီယာက ငါ့အပိုင် "
မင်ဆော့ အပြိုင်ငြင်းနေကြတဲ့ ဝန်ယောနဲ့ ချယ်ယွန်းကိုကြည့်ကာ ခေါင်းအသာခါမိတယ် မင်ဆော့ စီနီယာကို လွမ်းတယ် လွမ်းလွန်းလို့  ငိုတောင်ငိုချင်တယ်
စီနီယာပြန်လာရင် သူ အဖြေတစ်ခုတော့ပေးနိုင်မှာပါတစ်နေကုန် အတန်းတက်ပြီး ညနေအခန်းပြန်တော့ အခန်းတံခါးဖွင့်ရုံရှိသေး မင်ဆော့ လန့်သွားရတယ်
"အင့် လူကိုအဲ့လောက်အတင်းဆွဲဖက်ရလား " မင်ဆော့ရဲ့  ခပ်တိုးတိုးပြောသံကြောင့် လွိဖုန်း ပြုံးမိတယ်
"ကိုယ် မင်းကိုလွမ်းလို့ပါ မင်းရော ကိုယ့်ကိုမလွမ်းဘူးလား "
"လွမ်းရအောင် ဘာမှလည်း မဆိုင်ပဲနဲ့  "
"ဆိုင်အောင် ခုအဖြေပေးလေ ကိုယ့်ချစ်သူလုပ်မလား
ကိုယ့်ယောက်ျားလေးလုပ်မလား "
ပြောရင်း သူ့လည်းပင်းကို နမ်းလိုက်တာကြောင့် မင်ဆော့ ကျောက်ရုပ်ဖြစ်သွားရတယ်
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ