Real Life(3)

2.1K 171 3
                                    

လူတွေ အုံကာ ဆူညံ့နေတာမို့  ဇီကျွင်း အနားကို ကပ်ကာ ကြည့်မိသည်။

"ဟဲ့ လုပ်ကြပါအုံး ရုတ်တရက်ကြီး သတိလစ်သွားတာ "

"ဆေးရုံကားခေါ်လိုက်ပါလား "

တစ်ယောက်တစ်ပေါက်ဆိုသံတွေကြောင့် တစ်စုံတစ်ယောက် သတိလစ်သွား၍ အကူအညီပေးရန် ဖြစ်ကြောင်း သိရှိလိုက်ကြလေသည်။ သူ လည်းအရေးကြီးဧည့်သည်နှင့် ချိန်းဆိုထားချိနိ နီးကပ်လာသည့်အပြင် ကူညီမည့်သူ အများအပြားရှိသည်မို့  ထွက်သွားရန် အလှည့်။

"ဟ ချန်ယွဲ့  မဟုတ်လား "

"အယ် ဒီဇိုင်နာ ကျန်းပါလား "

ချန်ယွဲ့  !!!! မျိုးရိုးက ကျန်း တဲ့လား

နာမည်လေးတစ်ခု ။ ဒီအမည်နာမကို သူ သိပ်ကို ကျွမ်းဝင်လှသည်။အိပ်မက်မဟုတ်တဲ့ အိပ်မက်ထဲက သူ့ ချစ်သူ ။ သူ့ ကို ကာကွယ်ဖို့  အသက်စွန့်သွားခဲ့သူ။တည်ရှိမှု လေးတောင် မသိခဲ့ရသည့် သူ့ ကလေးရဲ့  ဖခင်အဖြစ်။

သူလား !!!

ဆိုတဲ့ အတွေးနဲ့ အတူ အတိတ်ဖြစ်ရပ်တွက် နာကျဉ်ကြေကွဲဆို့ နစ်ခြင်း လက်ရှိ သူဆိုတဲ့ ဖြစ်တည်မှု ကြောင့် ပျော်ရွှင်ရင်ခုန်ခြင်းတွေဟာ ရင်ထဲ လုံးခြာနေသည်။

ထို့ အတူ ဇီကျွင်းသည် လူကြားထဲ တိုးဝင်ကာ သတိလစ်နေသော ထိုလူသားကို ပွေ့ ချီ လိုက်သည်။ရင်နှီးလှသည့် အထိအတွေ့  ခံစားချက် ရင်ခုန်ဖူးသော ကိုယ်သင်းနံ့ တွေကြောင့် ဆုံးရှုံးရသည့်အဖြစ် မရောက်ရန် ဇီကျွင်း သုတ်ခြေတင်ကာ
အနီးဆုံး ဆေးရုံကို ထွက်လာခဲ့တော့သည်။

မိနစ်အနည်းအကြာတွင် ဆေးရုံ ကုတင်ထက်က လူသားကို ကြည့်ရင်း ဇီကျွင်း မျက်တောင်မခတ် ငေးကြည့်နေမိသည်။အိပ်မက်ထဲက အတိုင်းပဲ ။ ထိုလူသားက လှပလို့ နေသည်။ အိပ်မက်လို့  ပြောနေသည့်တိုင် ဇီကျွင်း တကယ့်ဖြစ်ပျက်ခဲ့သည်ဟု ယုံကြည်နေမိသည်။ သူ ကိုမာက နိုးထလာပြီးချိန် ဆက်တိုက်ဆိုသလို ထိုလူသားက အိပ်မက်ထဲ အချိန်များစွာ နေရာယူခဲ့သည်။အိပ်မက်က နိုးထလာတိုင်း နာကျဉ်စွာ ငိုကြွေးခဲ့သည်။ လိုက်ရှာခဲ့သည်။သို့ သော် ကံကြမ္မာက ကျီးစားသလား ။
အရူးတစ်ယောက်လို ဖြစ်နေတဲ့ သူဟာ လက်လျော့ဖို့  တွေးချိနိမှာ ထိုလူသားဟာ ဆိုက်ဆိုက် ရောက်လာခဲ့လေပြီ။

IN  AIR   SYSTEM(Completed)Tempat cerita menjadi hidup. Temukan sekarang