"အား...... နာလိုက်တာ အင့် ဟင့် "
ရုတ်တရက် ဗိုက်နာလာတာကြောင့် ဟွမ်မင် ညည်းညူမိသည်။သူ အခုရောက်နေတဲ့ နေရာဟာ မှောင်မိုက်ကာ ကောက်ရိုးတွေနဲ့  ပြည့်နေတဲ့ အဆောင်တစ်ခု။ဒီနေရာဟာ လူပြတ်ပြီး သူရောက်နေတာဟာ ဘယ်သူမှန်းမသိတဲ့ လူတစ်ချို့  ဖမ်းခေါ်လာတာကြောင့်ပင်။
ဗိုက်နာတာကြောင့် ချွေးစီးတွေပါ ထွက်လာကာ မျက်နှာဟာလည်း မအီမတာနဲ့  ဟွမ်မင် ဗိုက်ကို ထိကိုင်ထားရင်း အောက်နူတ်ခမ်းကို ဖိကိုက်ထားလိုက်လေသည်။
"အင့် ဟင့် "
ထိုအချိန် နန်းတော်ထဲတွင် ရာထူးနိမ့်မြင့်အလိုက် ပြေးလွှား လှုပ်ရှားကာ ဟွမ်မင်ကို ရှာလို့ နေလေသည်။ရှင်ဘုရင် ကိုယ်တိုင်လည်း တစ်ချက်မနား ပြေးလွှားရှာကာ စိုးရိမ်မှု နဲ့  ဒေါသတွေ အပြည့်ပင်။ စိုးရိမ်သည်က တော်ဝင်ကြင်ယာတော် တွက်ဖြစ်ကာ ဒေါသသည်က သူ့ကိုယ့်ကို ဖြစ်လေသည်။
"ရှာလို့  မတွေ့ ကြသေးဘူးလား ဟမ် ! တောက် "
"မင်အော် ဘယ်နားရောက်နေလည်းကွာ " မချင့်မရဲ စိုးရိမ်မှုအပြည့်နဲ့  ထွက်ပေါ်လာတဲ့အသံကြောင့် အနားကလူတွေပင် စိတ်မကောင်း။ထိုအချိန် ယဲ့ကွမ်းနားက တိုင်လုံးကြီးတွင် ဒုတ်ကနဲ့  စိုက်လာတဲ့ မြှားတံတစ်ခု။မြှားတံအဖျားတွင် အဖြူရောင် ချည်ပုဝါလးနဲ့  ပတ်ထားလေ၏။
ယဲ့ကွမ်း ထိုမြှားက ချည်ပုဝါကို လျင်မြန်စွာ ဖြုတ်ကာ ဖြန့်ကြည့်လိုက်လေသည်။ချည်ပဝါ အတွင်းတွင် အမဲရောင်မှင်နဲ့  ရေးသားထားတဲ့စာတစ်ချို့  ။ထိုစာရဲ့ အကြောင်းအရာကတော့။
"အင်ပါယာအရှင် တော်ဝင်ကြင်ယာတော်ကို ပြန်လိုချင်ရင် ဝူးနယ်စပ်က တပ်တွေကို ပြန်သိမ်းလိုက်ပါ လေးရက်တွင်း တပ်ပြန်မသိမ်းရင် တော်ဝင်ကြင်ယာတော်နဲ့  နန်းသွေးကို အလောင်းတောင် မကျန်စေရဘူးလို့  သတိပေးချင်ပါတယ် "
"တောက် !!! အထိန်းတော်ကြီး ဝူးနယ်စပ်က တပ်တွေကို သိမ်းခိုင်းလိုက် မြို့ တော်တွင်း မြေလှန်ရှာကြ သူတို့  ဒီမြို့ ထဲပဲ ရှိအုံးမယ် မူဟန် ဦးဆောင်လိုက် ပေ့ယောင်း ဝူးတိုင်းပြည်ရဲ့  အားနည်းချက်ကို သုံးရက်တွင်း သိချင်တယ် "
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ