Company တွင် တစ်ပတ်တာ လူပြောအများဆုံးသတင်းသည် သူဌေးနဲ့ ဒီဇိုင်နာအသစ်လေးတို့ ဖြစ်နေသ ည်။သို့ကြောင့် တစ်ချို့အမြင်မှာ ချန်ယွဲ့ကို မကြည်ဖြူကြပေ။
"ဟွန့်  ဒါက သူ့ ကြောင့်ပဲ "
"မင်းလေးက ကိုယ့်ကို မကျေနပ်ဘူးပေါ့"
"အာ့ လန့်လိုက်တာ "
ကိုယ့်ဘာသာတွေးတောနေစဉ် ရုတ်တရက်ရောက်ချလာသူကြောင့် ချန်ယွဲ့ လန့်သွားရ၏။
"sorry ပါ ယွဲ့ အာ ကိုယ် မင်းနဲ့အတူ နေ့လည်စာ စားဖို့  လာခေါ်တာ"
"သူဌေး ကျွန်တော်တွက် အပင်ပန်းမခံပါနဲ့  ကျွန်တော် စီနီယာတွေနဲ့ အတူ ကန်တင်းမှာသွားစားပါ့မယ် "
"ကိုယ် မပင်ပန်းပါဘူး မင်းအတွက်ဆို ဒီလောက်ကတော့ ကိုယ်တွက် စာမဖွဲ့ ပါဘူး "
ပြောရင်း ချန်ယွဲ့ လက်ကို ဆွဲကာ လိုက်ပါစေပြန်သည်။ ချန်ယွဲ့  ဆူပုတ်ပြီး လိုက်ပါခဲ့ရင်း လမ်းမှာ company ၀န်းထမ်းများနဲ့  ဆုံတိုင်း ခေါင်းငုံ့ထားမိသည်။ ဟန်ဇီကျွင်း ဆိုတဲ့ ထိုလူကြီးဆီမှ ဂရုစိုက်ချစ်ခင်မှုကို ချန်ယွဲ့  သဘောကျမိသော်ညား လူတွေရဲ့  အကြည့်တွေကို မြင်တိုင်း မင်းက သူနဲ့ မထိုက်တန်ဘူးလို့  ပြောေိကြသယောင် ။ချန်ယွဲ့  သိမ်ငယ်မိသည်။
"စား မင်းကြိုက်တယ်မလား "
မိမိပန်းကန်ထဲသို့  အသီးအရွက်တစ်ချို့  ကို ထည့်ပေးလာသော ဘေးနားကလူ ။
"အင်း ကျေးဇူး "
"ကိုယ့်ကို ကျေးဇူးစကားမပြောပါနဲ့ လို့  ဘယ်နှခါပြောရမလဲကွာ မင်းလေး ကိုယ့်ကို သဘောမကျတာ သိပေမယ့် သူစိမ်းလိုတော့ ကိုယ့်ကို မဆက်ဆံပါနဲ့လား "
"အင်း "
"အင်း စားပြီးရင် ကိုယ်နဲ့အတူ အလည်သွားချင်လား "
"ကျွန်တော် မသွားဘူး "
"ကောင်းပြီ စားလေ များများစား မင်းလေး သိပ်ပိန်လွန်းတယ် ဒီတိုင်းဆို ကိုယ်မင်းကို စားဖို့  အကြာကြီးစောင့်ရလိမ့်မယ် "
YOU ARE READING
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ