နောက်နေ့  နိုးထလာချိန် ချန်ယွဲ့  အရင်လုပ်တာဟာ ဇာတ်ကြောင်းဖတ်ခြင်းပင်။ဒီကမ္ဘာရဲ့  အဓိကဇာတ်ကြောင်းဟာ ကွင်းဆက်လူသတ်မှုကို အခြေခံထားလေသည်။ ဇာတ်လိုက်သည် လီဟွန်းဂျန် ဆိုတဲ့ စုံစမ်းစစ်ဆေးရေးဌာနက စုံထောက်ဖြစ်လေသည်။ပါရမီရှိသူမို့  အမှုတိုင်းလိုလို အောင်မြင်တတ်သူပင်။သို့ သော် ဇာတ်လိုက်တွင်လည်း ချွင်းချက်ရှိနေလေသည်။ကွင်းဆက်လူသတ်မှုကို လီဟွန်းဂျန် မစုံစမ်းနိုင်ဖြစ်ခဲ့သည်။ဘာကြောင့်လည်း လူသတ်သမားဟာ psycho တစ်ယောက် ဖြစ်နေပြီး အသတ်ခံရသူတွေဟာ လူမဆန်စွာ သတ်ဖြတ်ခံထားရသဖြင့် သဲလွန်စရှာမရနိုင်၍ပင်။World logic အရ ဇာတ်လ်ုက်ကို ကူညီဖို့  သူဝင်ထားတဲ့ကိုယ် အင်ဘန်ဝမ်ဟာ စ်တ်ရောဂါ ပါမောက္ခ တစ်ယောက်။ သူ့ကို လာအကူအညီတောင်းတဲ့ သူငယ်ချင်းဖြစ်သူကို စိတ်ကောင်းစွာရှိစွာ ကူညီပေးခဲ့သည်။
ဒီကမ္ဘာရဲ့  ဇာတ်လိုက်မ(male) မြောင်ယူမင်သည် လေးယောက်မြောက် အသတ်ခံရသူ သူငယ်ချင်းဖြစ်သလို မျက်မြင်သက်သေလည်း ဖြစ်လေသည်။လီဟွန်းဂျန်နဲ့ အတူ လူသတ်သမားကို ရှာဖွေရင်း အခက်အခဲတွေ ကို ရင်ဆိုင်ကာ နှစ်ဦးသား သဘောကျသွားခဲ့လေသည်။နောက်ဆုံး လူသတ်သမားကို ဖမ်းဆီးနိုင်ပြီး ချစ်သူတွေဖြစ်ကာ ပျော်ရွှင်စွာနေထိုင်သွားကြတာပေါ့။
ချန်ယွဲ့  ဝင်ထားတဲ့မူလပ်ုင်ရှင်ကတော့ လူသတ်သမားဟာ အစစ်မဟုတ်မှန်း သိသွားခဲ့သည်။သို့ သော် လီဟွန်းဂျန် ကို ပြောပြဖို့  အသွား ကားမတော်တဆဖြစ်ကာ သေဆုံးသွားခဲ့လသည်။
မူလပိုင်ရှင် အင်ဘန်ဝရဲ့  ဆန္ဒကတော့ အသက်ရှင်ချင်တယ် တစ်ဦးတည်းသော ညီကို ကောင်းမွန်တဲ့ ဘဝရစေချင်တယ်
အဖေရော မိထွေးပါ သေဆုံးသွားပြီဖြစ်ပြီး အင်ဘန်ဝမ်တွင် ဆွေမျိုးဆို၍ အင်ဘန်ဆူ ဆ်ုတဲ့ ညီတစ်ယောက်သာ ရှိလေတော့ သည်။
ဇာတ်ကြောင်းအရ လီဟွန်းဂျန်သည် မနေ့ကပင် အမှုတွက် ဘန်ဝမ် ဆီ အကူအညီလာတောင်းခံပြီးဖြစ်လေသည်။မူလအင်ဘန်ဝမ်သည် လူသတ်တရားခံကို သိသော်လည်း ထိုမှတ်ညဏ်များမှာ ချန်ယွဲ့  မရနိုင် ပျောက်ဆုံးလို့ နေသည်။
ESTÁS LEYENDO
IN AIR SYSTEM(Completed)
Romanceအမျိုးမျိုးချုပ်ချယ်မှုတွေကြောင့် လွတ်လမ်းရှာနေတဲ့ လေလွင့်တစ်ယောက် SYSTEMနဲ့ ချိတ်မိတဲ့အခါ ဘာဆက်ဖြစ်မှာလဲ