arc 1.2

18.2K 1.4K 88
                                    

❤Unicode

"Daddy ကျွန်တော့်ဖုန်းကိုဘာလို့မကိုင်တာလဲ''

သူခေါ်တဲ့ဖုန်းကို တစ်ခါနဲ့မကိုင်တာကြောင့် ရှောင်းကျန့်က စိတ်တိုတိုနဲ့အော်ပစ်လိုက်တယ်။ ရှောင်းကျန့်ဆိုတာ တစ်ခါနဲ့မရရင် စိတ်တိုတဲ့လူမျိုးမဟုတ်လား။ အဲ့ဒါကြောင့်လည်း အရင်ဘဝမှာ သူ့ကိုချစ်တ့ဲသူမရှိခဲ့တာပေါ့..။

အခုထိ ဖုန်းထဲက စကားသံထွက်မလာတာကြောင့် ရှောင်းကျန့်ကထပ်ပြီးစိတ်မရှည်တော့ဘူး။

"Daddy စကားပြန်မပြောရင်လည်း ကျွန်တော်ဖုန်းချပြီ ''

"Ba..Baby မချပါနဲ့ Daddy အံ့သြသွားလို့ပါ''

ရှောင်းကျန့်က ဖုန်းထဲကထွက်လာတဲ့ ရှတတနဲ့ ခက်အက်အက်အသံလေးကြောင့် အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိတယ်။ ဒီလူကြီး ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ။

"Daddy ကျွန်တော့်ကို ပြန်လာခေါ်ပေးလို့ရလား..ကျွန်တော်ဒီမှာမနေချင်တော့ဘူး''

ဝမ်ရိပေါ်က သူ့ကလေးရဲ့အသံတိုးတိုးလေးကြောင့် တစ်ကိုယ်လုံးတောင့်တင်းသွားတယ်။ အခုသူကလေးက သူ့ကိုလာခေါ်ဖို့ပြောလိုက်တာလား..။

စိတ်ကူးထက် လက်ကပိုမြန်တဲ့ရိပေါ်က ကားသော့ကိုဆွဲလို့ အိမ်အပြင်တောင်ရောက်နေပြီ။

"Baby အခုဘယ်မှာလဲ..ကိုယ်လာခဲ့မယ်''

"(......) မှာ''

"ဟုတ်ပြီ..Daddy အခုလာမှာမို့ ဘယ်မှမသွားဘဲစောင့်နေပေး''

ပြောပြီးတာနဲ့ ဝမ်ရိပေါ်က ကားကိုဝူးခနဲမောင်းထွက်သွားတယ်။ ပုံမှန်ဆို ၄၅မိနစ်လောက်မောင်းရမယ့်ခရီးက ၁၅မိနစ်နဲ့ရောက်သွားခဲ့တယ်။

အိမ်ရှေ့ရောက်တာနဲ့ bell တီးဖို့ကို ဝမ်ရိပေါ်လက်တွေတုန်နေတယ်။ ဒါက သူ့ဘဝမှာ ပထမဆုံးအကြိမ် တုန်လှုပ်မှုပဲ။ စိတ်ပိုင်းဖြတ်လို့ bell ကို မျက်စိစုံမှိတ်ပြီး နှိပ်လိုက်တယ်။

" တီး.....တောင်''

Bell တီးသံထွက်လာတာကြောင့် system နဲ့ရန်ဖြစ်နေတဲ့ရှောင်းကျန့်က မျက်ခုံးတစ်ဖက်ပင့်သွားတယ်။ ဒီအချိန်ကြီး ဘယ်သူလဲ။ Daddy တော့မဖြစ်နိုင်ဘူး..။ ၄၅မိနစ်လောက်မှ Daddy ကသူ့ဆီကိုရောက်မှာ။ ဇာတ်လိုက်များ သူ့ကိုမကျေနပ်လို့လာသတ်တာလား..။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now