arc 2.5 ကူရာ

12.2K 1K 32
                                    

❤Unicode

"ဟာရာ ကျွန်တော်တကယ်အဆင်ပြေပါတယ်''

"ငြိမ်ငြိမ်နေ''

ဟာရာက သူ့ကိုအထွန့်တက်ချင်နေတဲ့ ကူရာကို ဆူသလိုလေးပြောလိုက်တော့ နှုတ်ခမ်းလေးထော်ပြီး ငြိမ်သွားတယ်။ ဟာရာက သူ့ရဲ့စွမ်းအင်တွေနဲ့ သူ့ရဲ့သွေးကိုရောပြီး ကူရာရဲ့မျက်ခုံးစွန်းက လကမ္ဘာအမှတ်အသားလေးကို ဖုံးကွယ်ပေးလိုက်တယ်။ ဒီအမှတ်အသားကို မဖုံးကွယ်နိုင်မချင်း ဟာရာစိတ်အေးနိုင်မှာမဟုတ်ဘူး။

သူဖုံးပေးလို့ပြီးတော့ ကူရာက သူ့ရဲ့လက်ကိုဆွဲယူပြီး လက်ဝါးက ဓားနဲ့လှီးထားတဲ့ဒဏ်ရာလေးကို အနမ်းဖွဖွလေးပေးလာတယ်။

"ဘာလို့ ဒဏ်ရာရအောင်လုပ်ရတာလဲ''

"ဒဏ်ရာထက် မင်းကပိုအရေးကြီးတယ်''

ရှောင်းကျန့်က သူ့ချစ်သူကို ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာ မသိတော့တာကြောင့် ဟာရာရဲ့ရင်ခွင်ထဲကိုပဲ တိုးဝင်လိုက်တော့တယ်။ သူဝင်လိုက်တာနဲ့ သူ့ရဲ့ဆံပင်တွေထဲ နှာခေါင်းနှစ်လိုက်တဲ့ဟာရာကို သူအရမ်းသဘောကျတယ်။

"ညစာစားပြီးပြီဆိုတော့ အိပ်တော့နော်အချစ်..ကိုယ်မှောင်ခိုကိစ္စစုံစမ်းလိုက်ဦးမယ်''

"ဟင်..ဟာရာတစ်ယောက်တည်းသွားမလို့လား..ကျွန်တော်လည်းလိုက်မယ်လေ''

"ကိုယ်ကအချစ်ကိုတစ်ယောက်တည်းထားပြီးသွားပါ့မလား''

"ဟာရာပဲမှောင်ခိုကိစ္စစုံစမ်းမလို့ဆို''

ဟာရာက သူ့ကိုမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ခေါင်းလေးမော့လို့မေးလာတဲ့ကူရာရဲ့နဖူးလေးကို ဖွဖွလေးနမ်းလိုက်တယ်။

"ကိုယ့်ရဲ့အရိပ်ပဲလွှတ်လိုက်မှာပါအချစ်ရဲ့..ကိုယ်က အချစ်ရဲ့အနားမှာပဲရှိနေမှာ..အဲ့ဒါကြောင့် အိပ်တော့နော်..ကိုယ်ချော့သိပ်မယ်''

ဟာရာက ရှောင်းကျန့်ရဲ့ခေါင်းကဆံပင်လေးတွေကို ခပ်ဖွဖွသပ်ပေးပြီး ရင်ခွင်ထဲထည့်လို့ ချော့သိပ်တယ်။ ရှောင်းကျန့်အသက်ရှူသံမှန်မှန်နဲ့အိပ်ပျော်သွားမှ ကုတင်ခြေရင်းကခုံပေါ်မှာ တင်ပျဥ်ခွေထိုင်ပြီး သူ့ရဲ့အရိပ်ကိုထုတ်လိုက်တယ်။ ပြီးတာနဲ့ ​မှောင်ခိုအဖွဲ့အတွက် စုံစမ်းမှုကိုစတင်လိုက်တယ်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now