arc 6.7 ဂန်ဂျွန်ဟီး

6.8K 860 65
                                    

❤Unicode

"ရှင်းဘီ ခုလိုမြန်မြန်ပြန်ထွက်လာနိုင်တာ ဂုဏ်ပြုပါတယ်''

"ကျေးဇူးပါ ယွန်းဂျယ်''

ရှင်းဘီ သူ့ကိုလာနှုတ်ဆက်တဲ့ယွန်းဂျယ်ကို ပြုံးပြုံးလေးပြန်ဖြေလိုက်သည်။ ဒီလူက Training Zone ထဲမှာ သူမရောက်နေစဥ်တစ်လျှောက်လုံး အနောက်ကနေ အစစအရာရာ ကူညီပေးခဲ့သည်။

သူမနဲ့ Black ချစ်သူဖြစ်သွားတဲ့အချိန်ကျရင် ဒီလူက သူမရဲ့ရုပ်သေးရုပ်ဖြစ်လာလိမ့်မယ်။ ရှင်းဘီ သူမစိတ်ထဲမှာ ထိုသို့တွေးနေပေမယ့် အပြင်မှာတော့ ဖြူစင်တဲ့အမျိုးသမီးတစ်ယောက်အသွင်ကို ယူထားသည်။

"ဒါပေမယ့်ရှင်းဘီ သွားသတိလာသတိတော့ ရှိမှရမယ်၊ ဖမ်းဝရမ်းထုတ်ထားတယ်ဆိုတာ သိတယ်မလား''

"ဟုတ်ကဲ့ ကျွန်မသိပါတယ် သတိလည်းထားမှာပါ ဒါနဲ့ ခေါင်းဆောင်ရောဟင်''

"ရှင်းဘီက တကယ်ကိုခေါင်းမာတဲ့ မိန်းကလေးပဲ၊ ခေါင်းဆောင်က ရုံးခန်းထဲမှာ ရှိပါတယ်''

ရှင်းဘီ ယွန်းဂျယ်ကို ခေါင်းငြိမ့်ကာ နှုတ်ဆက်ခဲ့ပြီး Black ရှိနေလောက်မယ့် ရုံးခန်းဆီကို ထွက်လာခဲ့သည်။

တကယ်တော့ LEO ဂိုဏ်းရဲ့ ဌာနချုပ်က J bar ပင်။ J bar ရဲ့အနောက်ဘက်မှာရှိတဲ့ ဝိုင်တွေထားတဲ့သိုလှောင်ရုံဟာ ဌာနချုပ်ရဲ့တံခါးဖြစ်၏။

ထိုဝိုင်သိုလှောင်ရုံရဲ့အလယ်မှာရှိတဲ့ ဝိုင်ပုလင်းတွေပုံကိုဆွဲထားတဲ့ ပန်းချီကားကြီးရဲ့အနောက်မှာ မြေအောက်ခန်းတံခါးရှိပြီး ထိုတံခါးကနေဆင်းသွားရင် ဌာနချုပ်ဆီ တန်းရောက်သွားမှာဖြစ်သည်။

ရှင်းဘီ ထိုတ​ံခါးကနေ ဆင်းလာလိုက်ပြီး Black ရဲ့ရုံးခန်းရှိတဲ့နေရာကို လှမ်းလာလိုက်သည်။ Black ရဲ့ရုံးခန်းရှေ့ကိုရောက်တော့ ကျောက်ရုပ်တွေလိုရပ်နေတဲ့ လူလေးယောက်ကို အရင်ဆုံးတွေ့ရ၏။

"ရှင်းဘီရောက်နေတယ်လို့ ခေါင်းဆောင်ကိုပြောပေးပါ''

"ခေါင်းဆောင်မရှိဘူး''

"ရှင်တို့ ကျွန်မကိုလာနောက်နေတာလား၊ ခေါင်းဆောင်မရှိဘဲ ရှင်တို့ကရုံးခန်းအရှေ့မှာ ဘာလုပ်နေတာလဲ''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now