arc 2.4 ကူရာ

12.3K 1.1K 41
                                    

❤Unicode

"ကူရာ..ပျင်းနေပြီလား''

"အွန်း..ကျွန်တော့်ကိုဘယ်တော့မြင်းပေးစီးမှာလဲ''

"ကူရာကမြင်းစီးချင်လို့လား..ညကျရင်စီးရမယ်လေ''

"ဟာရာ! ခင်ဗျားဘာတွေလာပြောနေတာလဲ''

"အယ်..ညကျရင် မြင်းအသစ်တစ်ကောင်ဝယ်ပေးမယ်လို့ပြောတာ..ကူရာကဘာတွေတွေးနေတာလဲ''

စပ်ဖြဲဖြဲမျက်နှာနဲ့ပြောနေတဲ့ဟာရာကို ရှောင်းကျန့်အံ့သြလွန်းလို့ ဘာမှမပြောနိုင်တော့ပေ။ သူ့ချစ်သူက ဒီကမ္ဘာမှာ တော်တော့်ကိုဆိုးလာတာ..ရိသဲ့သဲ့နဲ့ လူကိုအရမ်းကလိတာပဲ။ အခုနေ သူ့အရှေ့ကလူဟာ ထိပ်တန်းသိုင်းသမားဟာရာလို့ပြောရင် ဘယ်သူမှယုံမှာမဟုတ်ဘူး။

ဒီလိုနဲ့ သူတို့နှစ်ယောက်သား မြင်းတစ်ကောင်နဲ့ခရီးနှင်လာတာ ညနေစောင်းအချိန်မှာပဲ ကြယ်ဂိုဏ်းန့ဲအရိပ်ဂိုဏ်းရဲ့ နယ်စပ်မြို့ဖြစ်တဲ့ ရန်မြို့ကိုရောက်လာကြတယ်။ မြို့ဂိတ်ကိုရောက်တာနဲ့ ဟာရာက မြင်းပေါ်ကဆင်းလိုက်တယ်။

"ကူရာမဆင်းနဲ့ အဲ့တိုင်းပဲနေ''

"ဟင်...ဘာလို့လဲ''

ရှောင်းကျန့်က သူ့ကိုမြင်းပေါ်ကမဆင်းခိုင်းတဲ့ဟာရာကို မျက်လုံးလေးဝိုင်းလို့ပြန်မေးလိုက်တယ်။ ဒါပေမယ့် ဟာရာပြန်​ဖြေလိုက်တ​ဲ့အဖြေကြောင့် မျက်ဖြူလန်ချင်သွားတယ်။

"ဆင်းလျှောက်ရင် ကူရာခြေထောက်ညောင်းနေလိမ့်မယ်..မြင်းပေါ်ကပဲလိုက်'' တဲ့။

အဲ့ဒါသာကြည့်တော့ သူ့ချစ်သူက သူ့ကိုဘယ်လောက်ချစ်သလဲဆိုတာ။

'Rs တွေ သောက်မြင်ကိုကပ်တယ်'

'မင်းမှာရှိမှလာပြော bunny စုတ်'

bunny လေးက အနှိမ်ခံရမယ်မှန်းသိရဲ့သားနဲ့ သွားပြောမိတဲ့ ကိုယ့်ပါးကိုယ် ဖြတ်ရိုက်ချင်သွားတယ်။ ပြောချင်ဦးဟဲ့ဆိုပြီး..။

ယောက်ျားတစ်ယောက်က တခြားယောက်ျားတစ်ယောက်ကို မြင်းပေါ်ဆွဲခေါ်လာတဲ့မြင်ကွင်းကို မြို့ထဲကလူတွေက အထူးအဆန်းလို လိုက်ကြည့်နေကြတယ်။ သူတို့ပုံစံက ဇနီးသည်ကိုပင်ပန်းမှာစိုးလို့ ထမ်းခေါ်လာတဲ့ခင်ပွန်းသည်လိုဖြစ်နေတော့ ကြည့်လည်းကြည့်ချင်စရာပါပဲ။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Où les histoires vivent. Découvrez maintenant