arc 10.2 လွမ်းတစေမောင်

5.5K 519 27
                                    

❤Unicode

'Bunny ငါလုပ်ရမယ့် mission လေးပြောပါဦး'

ရှောင်းကျန့် demon ယုန်တစ်ကောင်ကို တံစို့ထိုးကင်နေရာကနေ bunny ကိုမေးလိုက်၏။

'Mission က သွေးသစ်သီးကိုစားနိုင်ပြီး ပြင်ပလောကကိုပြန်သွားရန်၊ virus ကိုဖျက်ဆီးပြီး ရှိုင်းရဲ့အချစ်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ရယူရန် point 1000 ပါ host'

'အင်း'

လုပ်ရမယ့် mission ကိုသိပြီးတာနဲ့ ရှောင်းကျန့် ယုန်ကင်ဆီကို အာရုံပြန်ရောက်သွားသည်။ တံစို့တံမှာ အသားတွေရဲနေပြီဖြစ်တဲ့ ယုန်ကင်ကို လေတဖူးဖူးမှုတ်ပြီး တစ်လွှာချင်းဖဲ့စားလိုက်သည်။

'Host ကျွန်တော့်ကိုလည်း နည်းနည်း....'

'ဇာတ်တူသားစားရင် ဘေးဖြစ်တယ်တဲ့ မစားနဲ့'

Bunny လေး သူ့စကားမဆုံးခင် ဖြတ်ပြောလာတဲ့ host ကြောင့် ေပြာမယ့်စကားတောင် နင်သွားရသည်။ ငါလေးရဲ့ host က တကယ်ကို သောက်ကျင့်တစ်စက်ကလေးမှ မကောင်းတာ။

ရှောင်းကျန့် ဂိမ်းထဲရောက်လာပြီးတဲ့ ၂ နာရီအတောအတွင်းမှာ demon ဆယ့်နှစ်ကောင်သတ်ပြီးသွားပြီဖြစ်သည်။ သူ့ရဲ့ level bar မှာလည်း 37 ထိရောက်လာ၏။ မူလပိုင်ရှင်က level နိမ့်တဲ့အတိုင်း သစ်သီးကိုသွားသွားယူနေတာကြောင့် အမြဲရှုံးနိမ့်နေခြင်းဖြစ်သည်။

သူကတော့ မူလပိုင်ရှင်လို အလျင်မလိုပေ။ Demon တွေကိုသတ်ဖြတ်ပြီး level တိုးအောင်အရင်လုပ်ရမည်။ ပြီးတော​့ ရှိုင်းကိုလည်းဒုက္ခပေးရမည်။

'ဘာလို့ရှိုင်းကို ဒုက္ခပေးမှာလဲ'

'အဲ့လူကြီးက ငါ့ရှေ့မှာတောင် တခြားသူကိုကာကွယ်ပေးနေတာလေ ဟမ့်! အဲ့ဒါကို ငါလေးက သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ရမှာလား၊ ဆုတောင်းလေ'

Host ဖြစ်သူရဲ့ တစ်ခြမ်းရွဲ့အပြုံးကြီးကြောင့် bunny လေး ရှိုင်းအတွက် အမွှေးတိုင်ကြိုထွန်းပေးလိုက်သည်။

ယုန်ကင်ကို အားရပါးရစားနေတဲ့ ရှောင်းကျန့်ကတော့ သူ့ကိုအဝေးကနေကြည့်နေတဲ့ မျက်လုံးတစ်စုံကို သတိမထားမိပေ။

ရှိုင်း သူ့ကိုတစေပြောသွားတဲ့ စကားတွေကြောင့် ရင်တစ်ခုလုံး တင်းကြပ်လာခဲ့သည်။ အဲ့ဒါကြောင့် တစေကို လိုက်ရှာပြီး ရှင်းပြဖို့လုပ်ရတော့သည်။ သို့သော်လည်း အပုန်းကောင်းတဲ့ တစေက သူနှံ့နေအောင်လိုက်ရှာပေမယ့် မတွေ့ရပေ။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now