arc 8.9 Rhiyo Max

5.8K 580 25
                                    

❤Unicode

စာလုံးပေါင်းမစစ်ထားလို့ အမှားပါရင် သည်းခံပြီးဖတ်ပေးပါ။

"ဝုန်း! ဒုန်း! ဘုန်း!''

ပတ်ဝန်းကျင်တစ်ခုလုံးက ပစ်ခတ်ပေါက်ကွဲသံတွေနဲ့ ပြည့်နှက်နေ၏။ ဘေးပတ်ပတ်လည်မှာလည်း လူသေအလောင်းတွေ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ zombie အသေကောင်တွေနဲ့ ကြည့်ရဆိုးလှသည်။

"ဒုခေါင်းဆောင်!''

"ဝုန်း!''

"အဲ့..အဲ့ဒါက ဘာ..ဘာတွေလဲ''

တိုက်ခိုက်နေရင်းကနေ အပြာရောင်စွမ်းအင်တွေဖြာထွက်ကာ ပူးပေါင်းသွားတဲ့ Queen တွေကိုကြည့်ပြီး အကုန်လုံး ထိတ်လန့်ကုန်ကြသည်။ Queen တစ်ကောင်တည်းဆိုရင်တောင် အသက်လုတိုက်ခိုက်နေရတာဖြစ်ပြီး ခုလိုပူးပေါင်းလိုက်တဲ့အချိတ်မှာတော့ မျှော်လင့်ချက်တွေဟာ မရှိသလောက် နည်းသွားချေပြီ။

"ခေါင်းဆောင် တစ်ခုခုလုပ်ပါဦး''

အဖွဲ့သားတွေက ဂျက်ဖရီကိုတွန်းအားပေးလာကြသည်။ ဂျက်ဖရီလည်း ကြံရာမရတဲ့နောက်ဆုံး ဘေးပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်တော့ မီးတောက်တွေနဲ့ ကာကွယ်ခြင်းခံထားရတဲ့ မက်စ်ကိုတွေ့လိုက်ရသည်။

"လူတစ်ယောက်ကိုစတေးရမယ်၊ ငါတို့ရဲ့ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုရင် အနည်းနဲ့အများတော့ အဆုံးရှုံးခံရမှာပဲ''

"ခေါင်းဆောင် ခင်ဗျားရူးေနတာလား၊ ကျွန်တော်တို့အဖွဲ့သားတွေ အများကြီးဆုံးရှုံးပြီးပြီ၊ ဒါကဘယ်လိုဖြစ်နိုင်မှာလဲ''

ဇက်ဝင်ပြောလာတဲ့စကားကို ကျန်အဖွဲ့သားတွေကလည်း ထောက်ခံကြသည်။

"ငါတို့မှတခြားနည်းလမ်းမရှိဘူး၊ Queen တွေကပေါင်းစည်းနေပြီ၊ တစ်ယောက်နဲ့အာရုံလွှဲပြီး ငါတို့စုပေါင်းတိုက်မှရမှာ၊ အဖွဲ့ထဲမှာ Level မြင့်တဲ့သူကသိပ်ရှိတာမဟုတ်ဘူးဇက်၊ မင်းနားလည်သင့်တယ်''

"ဒါဆို စတေးခံဖို့ဘယ်သူ့ကိုရွှေးမှာလဲ''

ေဇးကင်မေးလိုက်တာဖြစ်၏။ ေဇးရဲ့စကားကိုကြားတော့ ဂျက်ဖရီရဲ့မျက်လုံးတွေက မက်စ်ဆီကို​ေရာက်သွားသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now