❤Unicode
"မလှုပ်နဲ့..ငြိမ်ငြိမ်နေ''
ရှောင်းကျန့်က သူ့ကိုနူးနူးညံ့ညံ့လေးကြည့်ပြီးပြောနေတဲ့ ဟာရာကြောင့် စိတ်ထဲကနေဟားတိုက်ရယ်နေလိုက်တယ်။ ဘာလို့ဆို ဇာတ်လိုက်မရဲ့မျက်နှာကြီးက ခုနှစ်ဘဝစာလောက် အိုစာသွားလို့..။
"ဟာရာ..လူရှိတယ်လေ''
"ဒီတိုင်းပဲနေ..မင်းကကိုယ့်အတွက်အရေးအကြီးဆုံးပဲ''
ဟာရာရဲ့စကားကြောင့် ဇာတ်လိုက်မရဲ့မျက်နှာက လုံးဝကိုပျက်ထွက်သွားတယ်။ ဘာလို့ဆို ဟာရာက သူမကိုအရေးမကြီးဘူးလို့ သွယ်ဝိုက်ပြီးပြောလိုက်တာကြောင့်ပင်။ ဒါကိုသိတဲ့ရှောင်းကျန့်က ဇာတ်လိုက်မကိုကြည့်ပြီး လှောင်ပြုံးပြုံးလိုက်တယ်။ ဒေါသတွေနဲ့ နင်ပြီးသေစမ်းဇာတ်လိုက်မ။
"မင်းက ဒီကိုဘာလာလုပ်တာလဲ..မင်းနဲ့ယှဥ်ပြိုင်ဖို့အတွက် ငါ့မှာအချိန်မရှိဘူး''
ဟန်နာက ဟာရာရဲ့ ရင့်ရင့်သီးသီးစကားတွေနဲ့ သူ့ကိုကြည့်နေတဲ့ လှောင်ရယ်နေတဲ့ မျက်လုံးတစ်စုံကြောင့် သူမရဲ့လက်သီးတွေကို တင်းနေအောင်ဆုပ်မိသွားတယ်။ ဒါပေမယ့် သူမရဲ့ပုံစံကို ပြန်ထိန်းလိုက်ပြီး ဟာရာကိုပြုံးပြုံးလေးပဲ စကားပြန်ပြောလိုက်တယ်။
"သိုင်းပြိုင်ပွဲမှာ ဟန်နာရဲ့ပြိုင်ဘက်က ကူရာလေဟာရာရဲ့..မပြိုင်ခင်နှစ်ယောက်အတူတူ သိုင်းကစားကြည့်ချင်လို့လာခဲ့တာပါ''
ဟန်နာရဲ့စကားကြောင့် ဟာရာရဲ့မျက်ခုံးတွေက အလိုမကျသလို တွန့်ချိုးသွားတယ်။
"ကောင်းတာပေါ့..ကျွန်တော်ကလည်း ဟန်နာနဲ့သိုင်းကစားချင်နေတာ..အတော်ပဲဖြစ်သွားတာပေါ့''
"မရဘူး..အချစ်''
"ကျွန်တော်ဘာမှမဖြစ်ပါဘူး။ သိုင်းကစားရုံလေးပဲဟာ..တကယ်ပြိုင်တာမှမဟုတ်တာ''
ရှောင်းကျန့်က ဟာရာကိုမျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြပြီး ချွဲလိုက်တယ်။ ဇာတ်လိုက်မလာတယ်ဆိုတာ အကြောင်းရှိတယ်။ သူနဲ့သိုင်းကစားပြီး သူ့ကိုအဆိပ်မိအောင်လုပ်ဖို့လာခဲ့တာ..။ ဇာတ်လိုက်က သူ့ရဲ့စကြာတွေမှာ ပန်းဝတ်မှုန်အဆိပ်တွေသုတ်ထားတယ်။ ရှောင်းကျန့်ဒဏ်ရာသေးသေးလေးရသွားရင်တောင် အဆိပ်မိသွားမှာဖြစ်တယ်။
YOU ARE READING
𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎
FanfictionYIZHAN SYSTEM fic လေးပါ... စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ရပါတယ်နော် Start date ~~ 22.5.2021 End date ~~ ?