arc 1.6

14.6K 1.2K 110
                                    

❤Unicode

"ဒုန်း!ဝုန်း!''

ရိပေါ်သူ့အရှေ့ကအခန်းတံခါးကိုကြည့်ပြီး ခေါင်း​တောင်ကြိမ်းလာတယ်လို့ ခံစားနေရတယ်။ သူ့ Baby ရဲ့အားဘယ်လောက်ပြင်းလဲမသိပေမယ့် အခန်းတံခါးကိုဖွင့်ပြီး အထဲဝင်ရဖို့ကို ကြောက်နေရတယ်။ ကျောင်းကပြန်ခေါ်လာပြီးကတည်းက အခန်းထဲတံခါးပိတ်ပြီး ဝုန်းဒိုင်းကြဲနေတဲ့ Baby က ဘာကိုစိတ်ဆိုးလို့ဆိုးနေမှန်း သူအခုထိမသိသေးဘူး။

"ဝုန်း! အဲ့မှာအခန်းထဲဝင်မလာဘဲဘာလုပ်နေတာလဲ!''

ရုတ်တရက်တံခါးဆွဲဖွင့်ပြီး အော်လိုက်တဲ့အသံက အပေါ်ထပ်တစ်ခုလုံးကိုဟိန်းခနဲပဲ..။ ရိပေါ်တောင် လန့်ပြီးတစ်ကိုယ်လုံးတုန်တက်သွားတယ်။ Babyရဲ့အသံက အောင်လွန်းလို့နားထဲကို စူးခနဲပဲ..။

'သူများလည်း ဘယ်လိုလုပ်ဝင်ရဲမှာလို့ သူပဲဝုန်းဒိုင်းကြဲ​နေပြီးတော့'

ဒီစကားကိုတော့ ရိပေါ်စိတ်ထဲကပဲပြောလိုက်တယ်။

ခပ်စူးစူးကြည့်ပြီး အခန်းထဲပြန်ဝင်သွားတဲ့ Baby ရဲ့နောက်ကို ရိပေါ်ကုတ်ကုတ်ကလေးလိုက်သွားရတယ်။ ပြတင်းပေါက်နားမှာ ခါးထောက်ပြီးရပ်လို့ သူ့ကိုကျောပေးထားတဲ့ Baby ကြောင့် ရိပေါ်က စာစစ်ခံရမယ့်ကျောင်းသားလိုရပ်နေရတယ်။

"Daddy ကိုယ့်အပြစ်ကိုယ်သိရဲ့လား''

"မ..မသိဘူးလေ Baby လေးမှ မ..မပြောပြဘဲ''

သူပြောလိုက်တော့ မျက်စောင်းကြီးနဲ့လှည့်ကြည့်လာတဲ့ Baby ကြောင့် ရိပေါ်ရဲ့နှလုံးသားလေး ဖိုးသိုးဖက်သပ်ဖြစ်သွားရတယ်။ အီး..အသည်းယားလိုက်တာ။

"Daddy ကဘာလို့ ဟိုမိန်းမကြီးကိုပြုံးပြတာလဲ Daddy က Baby တစ်ယောက်တည်းကိုပဲပြုံးပြရမယ်ဆိုတာ မသိဘူးလား''

"ဟမ်!''

ရိပေါ် သူ့ Baby လေးရဲ့စကားကြောင့် ကြောင်သွားတယ်။ အခုသူ့ကလေးလေးက သူဟိုတစ်ယောက်ကိုပြုံးပြလို့ သောင်းကျန်းနေတာပေါ့..။ တစ်နည်းအားဖြင့် သူ့ကို Baby လေးက သဝန်တိုနေတာ။ ဒီလိုတွေးမိတော့ ရိပေါ်ရဲ့မျက်နှာက ထိန်းမရအောင်ပြုံးဖြီးလာတယ်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now