arc 6.4 ဂန်ဂျွန်ဟီး

7.3K 870 52
                                    

❤Unicode

"ဒေါက်! ဒေါက်!''

"ဂျွန်ဟီး ဂျွန်ဟီး!''

"ဒေါက်! ဒေါက်!"

"ဟူးး ဒီကောင်လေး အခုထိမနိုးသေးတာလား''

ထယ်ဂျူ ဂျွန်ဟီးရဲ့တိုက်ခန်းတံခါးကို အသာလေးတွန်းဖွင့်ကြည့်တော့ Lock ကမချထားပေ။

"ကျစ်! အခန်းတံခါးကို Lock မချထားဘူး၊ ဒီပုံစံနဲ့ အမှုကြီးတွေကို ဘယ်လိုလိုက်မလဲ''

ထယ်ဂျူ ညီးညူလိုက်ရင်း ဂျွန်ဟီးရဲ့တိုက်ခန်းထဲကို ဝင်လိုက်သည်။

မနက်စာအတူစားချင်လို့ စောစောလေးထွ​က်လာခါမှ ဒီဟာလေးက မနိုးသေးဘူး။ မနက်စာမဟုတ်ဘဲ နေ့လယ်စာကျမှ အတူစားရမယ့်အဖြစ်။

ထယ်ဂျူ တိုက်ခန်းထဲရောက်သွားတော့ သန့်ရှင်းတောက်ပြောင်နေတဲ့အခန်းကြောင့် ဂျွန်ဟီးကို စိတ်ထဲကနေ အမှတ်တိုးပေးလိုက်သည်။ အခန်းပတ်လည်ကို ဝေ့ကြည့်လိုက်တော့ ဂျွန်ဟီးရဲ့အရိပ်အ​ယောင်တောင် မတွေ့ရပေ။

ထိုချိန် ရေချိုးခန်းထဲက ရေကျသံကြားတာကြောင့် ထယ်ဂျူ ကုတင်ပေါ်ကနေသာ ထိုင်စောင့်နေလိုက်သည်။ ၁၀ မိနစ်လောက်ကြာတော့ ရေချိုးခန်းတံခါးက ဂျောက်ခနဲအသံမြည်ကာ ပွင့်လာပြီး ခါးမှာသဘတ်တစ်ထည်ပတ်လို့ ဂျွန်ဟီးထွက်လာသည်။

"အယ်! captain ဒီကိုဘယ်လိုရောက်လာတာလဲ''

"သိချင်တဲ့လူဆိုတော့လည်း ဒီလိုပဲစုံစမ်းလာရတာပေါ့ အဟင်း ဒါနဲ့ ဂျွန်ဟီး အင်္ကျီမဝတ်တော့ဘူးလား''

သူ့ခန္ဓာကိုယ်ကို ပေါက်ထွက်မတတ်စိုက်ကြည့်နေတဲ့ ထယ်ဂျူကို ရှောင်းကျန့် ပုခုံးပေါ်တင်လာတဲ့ မျက်နှာသုတ်ပဝါနဲ့ ​ေကာက်ပေါက်ပစ်လိုက်သည်။

"နှာဘူးထမနေနဲ့ သွား အပြင်မှာစောင့်နေ''

"အွန်း မွှေးလိုက်တာ ဂျွန်ဟီးဘာဆပ်ပြာသုံးတာလဲ''

"ခင်ဗျား အခုသွားမလား မသွားဘူးလား''

"သွားပြီ ခုသွားပြီ ဟဲဟဲ''

ပြောင်စပ်စပ်မျက်နှာနဲ့ ထွက်သွားနဲ့ထယ်ဂျူကို ရှောင်းကျန့် မျက်စောင်းထိုးပစ်လိုက်သည်။ စောစောစီးစီး သူများအိမ်လာပြီး နှာဘူးထနေတာ အဲ့လူကြီးက။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now