arc 4.8 Rowan (final)

10.7K 1K 55
                                    

❤Unicode

"ဝှီးညှော်! ဝှီးညှော်! ဝှီးညှော်!''

"အချစ် အချစ်ဘာမှမဖြစ်ရဘူးနော်..ကြားလားလို့ အချစ်!''

အရေးပေါ်ကားပေါ်ကနေ ဘီးတပ်ကုတင်နဲ့ ဆေးရုံထဲကိုခေါ်သွားခြင်းခံရတဲ့ အချစ်ရဲ့ဘေးကနေ သူတောက်လျှောက်ပြေးလိုက်နေမိသည်။ အရေးပေါ်အခန်းတံခါးပိတ်သွားတဲ့အထိ သူအခန်းရှေ့မှာ စိုးရိမ်စိတ်တွေနဲ့ ငူငူကြီးရပ်နေမိတုန်း..။

အချစ်ကို သေနတ်မှန်သွားတဲ့အချိန် သူ့ရဲ့ခေါင်းထဲမှာ ဗလာအတိဖြစ်သွားခဲ့ရသည်။ သေနတ်နဲ့ပစ်လိုက်တဲ့ကောင်ကို ခြေတွေလက်တွေ အပိုင်းပိုင်းချိုးပစ်ခဲ့မိတဲ့အထိ သူဒေါသထွက်ခဲ့ရသည်။

Sun အိမ်တော်မှာကျန်ခဲ့တဲ့လူတွေကို သူထားခဲ့ပြီး အချစ်ကိုတင်သွားတဲ့ အရေးပေါ်ကားနောက်ကိုသာ သူလိုက်ခဲ့မိသည်။ ကျည်ဆန်က အချစ်ရဲ့ဗိုက်သားထဲကို ဝင်သွားတာမို့ စိတ်ချရတဲ့အခြေအနေတော့ မဟုတ်ပေ..။

"အစ်ကို မရီးအခြေအနေ''

သူအရေးပေါ်အခန်းရှေ့မှာ ရပ်ကြည့်နေမိတုန်း Atlas က ထော့နဲ့ထော့နဲ့နဲ့ အနားကိုရောက်လာ၏။

လက်မှာပတ်တီးအဖွေးသားနဲ့ Atlas က တော်တော်လေးနှိပ်စက်ခံထားရတဲ့ပုံပင်..။ အလွန်ကိုမှ သနားစရာကောင်းနေတဲ့ Atlas ကို Rhianon ခေါင်းသာခါပြမိသည်။

အဲ့ဒီနောက်မှာတော့ နှစ်ယောက်သား စကားတစ်ခွန်းမှမပြောဖြစ်တော့ဘဲ အရေးပေါ်ခန်းထဲကနေပြန်ထွက်လာမယ့် Rowan ကိုပဲ စောင့်နေမိကြသည်။

နောက်တစ်နာရီလောက်ကြာတဲ့အချိန်မှာတော့ အရေးပေါ်ခန်းထဲကနေ ဆရာဝန်တွေပြန်ထွက်လာကြသည်။

"Doctor အချစ်ရဲ့အခြေအနေ''

"အချိန်မှီလေးပါပဲ ဗိုလ်ချုပ် ဒီထက်နောက်ကျသွားရင် ခင်ဗျားရဲ့ဇနီးကို တကယ်ဆုံးရှုံးရနိုင်တယ်..ခဏကြာရင် ကျွန်တော်တို့အထူးခန်းကိုပြောင်းပေးပါ့မယ်''

ပြုံးပြုံးလေးပြောပြီးထွက်သွားတဲ့ ဆရာဝန်ရဲ့စကားကိုကြားမှ Rhiannon အသက်ဝဝရှူနိုင်တော့သည်။

အချစ်ကို အထူးခန်းပြောင်းပြီးတာနဲ့ သူအချစ်ရဲ့ဘေးနားမှာထိုင်ရင်း အချစ်ရဲ့မျက်နှာလေးကိုသာ ငေးကြည့်နေမိသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now