arc 5.6 လျိုရှစ်ယင်း

9.3K 961 58
                                    

❤Unicode

"ဝုန်း!''

"ညှောင်''

[သခင် အိမ်ထဲဝင်နေ]

"မဝင်ဘူး ဝံပုလွေအုပ်ကဒီလောက်များတာ..မင်းတစ်ယောက်တည်း နိုင်မှာမဟုတ်ဘူး ေစာက်ရူးရဲ့''

ရှောင်းကျန့် ရှဲ့ရှဲ့ကို ပြောလည်းပြော သူ့ဆီကိုပြေးလာနေတဲ့ ဝံပုလွေတွေကိုလည်း ဓားနဲ့ခုတ်ပိုင်းနေရသည်။

သူတို့နှစ်ယောက်လုံး ဝံပုလွေတွေက အုပ်စုလိုက်နေတယ်ဆိုတာ ထည့်မစဥ်းစားမိလိုက်ပေ။ အခုတော့ အကောင်း ၃၀ ထက်မနည်းတဲ့ ဝံပုလွေတွေကို ထိပ်တိုင်ရင်ဆိုင်နေရပြီ။

"ညှောင်''

[သခင် ဖမ်းထား]

ရှောင်းကျန့် သူ့ဆီကို ရှဲ့ရှဲ့လှမ်းပစ်ပေးတဲ့ နောက်ထပ်ဓားတစ်ချောင်းကို လှမ်းဖမ်းလိုက်သည်။ သူ့လက်ထဲကို ဓားနှစ်ချောင်းရောက်လာတာနဲ့ အနားမှာရှိတဲ့ဝံပုလွေတွေကို ခုတ်ပိုင်းပစ်လိုက်သည်။

အခုရောက်လာတဲ့ဝံပုလွေတွေက သူတို့သတ်ခဲ့တဲ့အကောင်လောက်မကြီးတာကြောင့် သေသွားတဲ့အကောင်က ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ ရှောင်းကျန့်တွေးလိုက်သည်။

တစ်စထက်တစ်စ  ဝံပုလွေကောင်တွေက ပိုပိုပြီးများလာသည်။ ဒီတိုင်းဘယ်လိုမှ မနိုင်,နိုင်တော့တာကြောင့် ရှဲ့ရှဲ့ သူ့ရဲ့ဝိဉာည်လက်နက်ကို ဆင့်ခေါ်ရတော့သည်။ သူဆင့်ခေါ်လိုက်တာနဲ့ သူ့ရဲ့တစ်ကိုယ်လုံးကို ဝန်းရံလိုက်တဲ့လက်နက်တွေက ပုံစံမျိုးစုံပင်။

"သွား!''

ရှဲ့ရှဲ့ သူ့ရဲ့လက်နက်တွေကို ဝံပုလွေကောင်တွေဆီကို ပစ်လွှတ်လိုက်​ေတာ့သည်။ ပြီးတာနဲ့ လက်နက်တွေကို လိုသလိုထိန်းချုပ်ပြီး တိုက်ခိုက်သည်။

"ညှောင်''

[သခင် ဒီနားကိုလာခဲ့]

"အင်း''

ရှဲ့ရှဲ့ သူ့ရဲ့လက်နက်စက်ဝန်းထဲကိုပြေးဝင်လာတဲ့ ရှစ်ယင်းကို ခါးကနေဆွဲလိုက်ပြီး ရင်ခွင်ထဲသွင်းလိုက်သည်။ သူတို့နားကိုကပ်လာသမျှ ဝံပုလွေမှန်သမျှကတော့ ရှဲ့ရှဲ့ရဲ့လက်နက်တွေအောက်မှာ အသက်ပျောက်ရစမြဲ။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Dove le storie prendono vita. Scoprilo ora