arc 9.9 ပန်စူးလျဲ့

4.9K 472 15
                                    

❤Unicode

ရှောင်းကျန့် ဓားအဆိပ်မိပြီးနောက်ပိုင်း ပန်ခေါ့က သူ့ကိုမျက်စိအောက်ကအပျောက်မခံတော့ပေ..။ စုနော်ကျိုက်ကတော့ ဟိုတစ်ခါ သူမကို ပန်ခေါ့နှိပ်စက်လိုက်ကတည်းက တော်တော်လေးငြိမ်သွားသည်။

"ပန်ခေါ့ ကျွန်တော် အနောက်ဘက်တောအုပ်က ကြာကန်ကြီးဆီသွားချင်တယ်''

"ဘာသွားလုပ်မှာလဲအချစ်ရယ် အန္တရာယ်များကများနဲ့ ကြာပန်းလိုချင်ရင် ကိုယ်ခူးပေးမယ်လေ..ကြာခွက်စားချင်တယ်ဆိုရင်လည်း ကိုယ်ခူးပေးပါ့မယ်''

"ဟင့်အင်း ကျွန်တော်က ကြာကန်ကြီးရဲ့ဘောင်ပေါ်မှာ ကြာပန်းနံ့လေးတွေကို တဝကြီးရှူချင်တာပါဆို''

"ကိုယ်စိတ်မချဘူးကွာ..ကိုယ်အားတဲ့နေ့မှလိုက်ပို့ပေးမယ်လေနော်''

"ပန်ခေါ့ကလည်း စန်းရော ရိရော ဝူရောရှိနေတာပဲကို ကျွန်တော်ဘာမှမဖြစ်ပါဘူး''

"ဟင်းးး ကိုယ်နဲ့ကလွဲရင် အချစ်ကို ကိုယ်ဘယ်သူနဲ့မှစိတ်မချပါဘူးကွာ..ကိုယ့်ရဲ့မျက်ကွယ်ရာမှာ အချစ်သာတစ်ခုခုဖြစ်သွားခဲ့ရင် ကိုယ်..''

ပန်ခေါ့က ပြောနေရင်းကနေ ဆက်မပြောတော့ဘဲ လက်သီးကိုတင်းတင်းဆုပ်ကာ အံကြိတ်လိုက်မိသည်။ သူ့မျက်စိထဲ ပြိုင်ပွဲစင်ပေါ်မှာ သွေးတွေအန်ထုတ်လိုက်တဲ့ စူးလျဲ့ရဲ့ပုံရိပ်က အနှေးပြကွက်တွေလို ပြန်ပေါ်လွင်နေ၏။

"အင်းပါ အဲ့ဒါဆိုလည်း ခင်ဗျားအားတဲ့နေ့ကျမှ သွားကြတာပေါ့ အခုကျွန်တော် ကြက်ကင်စားချင်တယ် လုပ်ကျွေးပါ''

ရှောင်းကျန့်က ပန်ခေါ့ဘာဖြစ်သွားတယ်ဆိုတာ သတိထားမိလိုက်တာကြောင့် စကားလမ်းကြောင်းကို လွှဲပစ်လိုက်သည်။ ထိုတော့မှ ပန်ခေါ့ရဲ့လက်သီးဆုပ်တွေ ပြေလျော့သွားပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။

"အင်း ကိုယ်သွားလုပ်ပေးမယ် အချစ်ခဏစောင့်နေနော် ဘယ်မှလျှောက်မသွားနဲ့နော် အခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်နေ ကိုယ်မြန်မြန်လုပ်ပြီး မြန်မြန်ပြန်ခဲ့မယ်''

"အင်းပါ ကျွန်တော်ဒီအခန်းထဲကနေ တစ်လှမ်းမှမရွေ့ပါဘူး''

"အင်း ဒါဆို ကိုယ်သွားပြီ''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now