arc 5.1 လျိုရှစ်ယင်း

12.8K 1K 82
                                    

❤Unicode

"ေလာင်နေတာလေးတွေရပ်ပြီး နောက်ကမ္ဘာသွားဖို့လုပ်မယ်ဟေ့''

System space ထဲပြန်ရောက်လာတဲ့သူ့ကို မှုန်ကုတ်ကုတ်နဲ့ ပြန်ကြည့်လာတဲ့ bunny ကို မသိချင်ယောင်ဆောင်ပြီး ရှောင်းကျန့်ပြောလိုက်သည်။ သူပြောလိုက်တော့ နှာမှုတ်ပြီး အဲ့ဒီမျက်နှာထားအတိုင်းနဲ့ bunny က လေပေါ်ကနေ သူ့ဆီကို လမ်းလျှောက်လာ၏။

"Point တွေတွက်ပေးပါ့မယ် host ပေးထားတဲ့ mission ကိုအောင်မြင်တဲ့အတွက် point 1500 ရပါတယ် အရင်ကမ္ဘာတွေမှာရခဲ့တဲ့ point တွေက 7500ပါ အခု host မှာ စုစုပေါင်း point 9000 ရှိပါတယ် နောက်ကမ္ဘာတွေအတွက် skill တွေသင်စရာမလိုတော့ပါဘူး''

"ဒါနဲ့ bunny ငါတစ်ခုလောက်မေးချင်လို့ အဲ့ဒီ point တွေက ဘာလုပ်မလို့လဲ''

"ဘာလုပ်လုပ်ပေါ့ ကမ္ဘာကူးပြောင်းခြင်းစတင်နေပါပြီ 5..4..3..2..1..0''

"WTF! Bunny မင်း! မင်းငါ့ကို အားးးး!''

မပြောမဆိုနဲ့ ကမ္ဘာပြောင်းပေးလိုက်တဲ့ bunny ကြောင့် သူ့ကိုဆွဲခေါ်သွားတဲ့ အလင်းတန်းနောက်ကို ပြင်ဆင်ချိန်တောင်မရလိုက်ဘဲ ရှောင်းကျန့် တရွတ်တိုက်ပါသွားတော့သည်။

Bunny ေကတော့ သူ့ host ကိုပညာပေးလိုက်နိုင်တ့ဲအတွက် ကျေနပ်နေလေရဲ့..။

"ဗြန်း!!!!!"

ရောက်ရောက်ချင်း နားနားကပ်လို့ လင်ဗန်းနှစ်ခုကို ဗြန်းခနဲ တီးချလိုက်တဲ့အသံကြောင့် ရှောင်းကျန့်တစ်ယောက် နားတစ်ခုလုံးအူတက်သွားရသည်။ သူလည်း ချော်လဲရောထိုင်ဆိုသလို လျှာတစ်လစ်နဲ့သတိလစ်ချင်ယောင်တောင်လိုက်တော့သည်။

'သတိလစ်ရင် လျှာထွက်ရတယ်လို့ host ကိုဘယ်သူသင်ပေးလိုက်တာလဲ'

'တိတ်စမ်း စတိုင်အသစ်ကွ'

သူ bunny ကိုရန်ပြန်တွေ့နေတုန်း နောက်ထပ်စူးခနဲထွက်လာတဲ့အသံတစ်ခုကို ထပ်ကြားလိုက်ရသည်။

"ဟာ! ဟေ့! လာကြပါဦးဟ ဒီမှာ ဦးရီးတော်ပေါက်စ လျှာတစ်လစ်နဲ့ လေဖြတ်ပြီးသေသွားပြီလားမသိဘူး''

ကြားလိုက်ရတဲ့အသံကြောင့် ေရှာင်းကျန့် တကယ်လေဖြတ်ချင်သွားသည်။ သူ့လိုအချောလေးကိုများ ပြောရက်လိုက်ကြတာ..။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now