arc 7.10 ရန်ကျော်

7.2K 778 26
                                    

❤Unicode

"Hello မြန်မာနိုင်ငံကြီးရေ ငါပြန်လာပြီကွ!''

လေယာဉ်ကွင်းထဲရောက်တာနဲ့ လက်နှစ်ဖက်ကိုဆန့်တန်းလို့ အသံအကျယ်ကြီးအော်ပစ်လိုက်တဲ့ Baby ကို ဝန်းက ပြုံးပြုံးလေးသာကြည့်နေလိုက်သည်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက သူတို့နှစ်ယောက်လုံး အင်္ဂလန်မှာ ဘွဲ့ရခဲ့ပြီးဖြစ်သည်။

ဘွဲ့ရပြီးတဲ့နောက် တစ်ပတ်လုံးလုံး နေရာစုံအောင် လျှောက်လည်ကြပြီးတဲ့နောက်မှာတော့ မရောက်တာ သုံးနှစ်လောက်ကြာပြီဖြစ်တဲ့ မြန်မာနိုင်ငံကြီးကို နှစ်ယောက်သား ပြန်ပြီးခြေချခဲ့ကြသည်။

နိုင်ငံခြားကပြန်လာတယ်ဆိုပေမယ့် သူတို့နှစ်ယောက်လုံး ဘာအထုတ်အပိုးမှမပါပေ။ ဝန်းရဲ့လက်ထဲမှာဆွဲထားတဲ့ ရှောင်းကျန့်လေယာဉ်ပေါ်မှာစားဖို့ မုန့်တွေထည့်လာခဲ့တဲ့ Luggage အသေးလေးတစ်လုံးသာပါလာသည်။

"Baby ကားရောက်နေပြီ သွားရအောင်''

"ဟုတ်ကဲ့ Darling''

ရှောင်းကျန့်က သူ့ချစ်သူရဲ့လက်မောင်းကိုဖက်လို့ ကားဆီကိုလျှောက်လာလိုက်သည်။ ထို့နောက် လာကြိုတဲ့ကားနဲ့ပဲ သူတို့နှစ်ယောက်ရဲ့အိမ်လေးဆီကို ပြန်လာခဲ့ကြသည်။

"Baby လန်းသွားအောင် ရေအရင်ချိုးလိုက်ပါလား၊ ပြီးမှ နေ့လယ်စာစားပြီး တစ်ရေးအိပ်လိုက်လေ၊ ညကျရင်လည်း Daddy ရဲ့ Dinner ဆီသွားရဦးမယ်မဟုတ်လား''

"ချိုးချင်ဘူး ပျင်းတယ်''

"ဟဲ့ ကျော်ကျော် ဝန်းကကောင်းဖို့ပြောနေတာကို ထအခု ရေသွားချိုး၊ မေမေနေ့လယ်စာအတွက် အကုန်ပြင်ထားပြီးပြီ''

မီးဖိုချောင်ထဲကထွက်လာတဲ့ မေမေက ရှောင်းကျန့်ရဲ့ အပျင်းတစ်နေပုံကိုကြည့်ပြီး မျက်ဖြူလန်ချင်သွားသည်။

"ရပါတယ် မေမေ Baby ကိုကျွန်တော်ပဲလုပ်ပေးလိုက်ပါ့မယ်''

ဝန်းက ဆိုဖာပေါ်မှာ အပျင်းတစ်နေတဲ့ သူ့ Baby ကိုကောက်ပွေ့ပြီး အိပ်ပေါ်ကိုတက်သွားလိုက်သည်။ မဟုတ်ဘဲ ဆက်နေရင် သူ့ Baby လေး အဆူခံရတော့မှာ။ ရှောင်းကျန့်ကတော့ ဝန်းပွေ့ခေါ်တဲ့နောက်ကို ပြုံးပြုံးကြီးလိုက်ပါသွားတော့သည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now