❤Unicode
ရှောင်းကျန့်တစ်ယောက် အပြိုင်ကမ္ဘာထဲဝင်ရောက်တာနဲ့ ရိပေါ်ရဲ့ဝိဉာည်စွမ်းအားနဲ့ ဝေးကွာသွားတာကို ခံစားမိလိုက်သည်။ အပြိုင်ကမ္ဘာမှာ ရိပေါ်ဝင်ထားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ကို လိုက်ရှာရဦးမှာဖြစ်သည်။ သို့ပေမယ့် သိပ်တော့မစိုးရိမ်ပေ။ သူမရှာလည်း ရိပေါ်ကသူ့ကိုလာရှာမှာဖြစ်သည်။
ရှောင်းကျန့် ရောက်ရောက်ချင်း မျက်လုံးဖွင့်မကြည့်သေးဘဲ ဘေးဘီဝဲယာက အသံတွေကိုနားထောင်ကြည့်လိုက်သည်။ ကားသံ စက်သံတွေမကြားရဘဲ လူသံတွေသာကြားနေရတာမို့ ခေတ်သစ်ကိုရောက်နေတာမဟုတ်မှန်းသိလိုက်သည်။
"ဒီနေ့ ဂုဏ်းပေါင်းစုံတပည့်တွေရဲ့ပြိုင်ပွဲကို မင်းသွားကြည့်မှာလား"
"ဟင်းးးး ငါတို့လိုအပြင်စည်းတပည့်တွေအတွက် ဒီလိုပြိုင်ပွဲကြီးကို ကြည့်ခွင့်ရတယ်ဆိုတာ မိုးကောင်းကင်ကပေးတဲ့ အခွင့်အရေးကြီးပဲလေ..သွားမကြည့်စရာလား"
"ဒါဆိုမင်းကဘာလို့သက်ပြင်းချတာလဲ"
ထိုလူရဲ့အမေးကို နောက်တစ်ယောက်က ရှောင်းကျန့်ကိုကြည့်ကာ ပြန်ဖြေလာသည်။
"ငါ့ညီလေး..သူ့ကိုတစ်ယောက်တည်းထားခဲ့ရမှာ ငါစိတ်မချဘူး..ငါမရှိရင် သူအနိုင်ကျင့်ခံရလိမ့်မယ်.."
"ရှောင်းဖုန်း မင်းအတွက် မင်းညီကအရေးကြီးမှန်းငါသိပါတယ်..ဒီပြိုင်ပွဲက မင်းဘဝအတွက်လည်း အရမ်းအရေးကြီးတယ်..မင်းကပါရမီရှိတယ် ရှောင်းဖုန်း..ဒီပွဲမှာ မင်း ဝိဉာဏ်ဘုရင်အဆင့်ကို ထိုးဖောက်သွားနိုင်တယ်"
ထိုလူရဲ့စကားကြောင့် ရှောင်းဖုန်းဆိုတဲ့သူက ရှောင်းကျန့်ကို နောက်ဆံတင်းတဲ့မျက်လုံးတွေနဲ့ ကြည့်လာသည်။
"သွားလိုက်ပါ ကျွန်တော်ဒီမှာပဲ ငြိမ်ငြိမ်လေးစောင့်နေမယ်..ကျွန်တော့်ကို ဘယ်သူမှအနိုင်မကျင့်စေရဘူး"
"ဒါဆို ယွီလေး ကောကောစိတ်ချမယ်နော်"
"အင်းပါ"
ရှောင်းဖုန်းက သူ့ကိုနေ့လယ်စာတွေပြင်ဆင်ပေးခဲ့ပြီး အဆောင်ထဲမှာ သေချာနေရာချကာ ခုနကသူငယ်ချင်းနဲ့အတူ ပြိုင်ပွဲရှိရာကို ထွက်သွားလေသည်။
YOU ARE READING
𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎
FanfictionYIZHAN SYSTEM fic လေးပါ... စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ရပါတယ်နော် Start date ~~ 22.5.2021 End date ~~ ?