arc 2.6 ကူရာ

11.5K 1K 53
                                    

❤Unicode

"ဟာရာ..ဘာဖြစ်သွားသေးလဲ''

ရှောင်းကျန့် ဟာရာရဲ့အရိပ်နောက်ကနေလိုက်လာရင်း ကျောက်နံရံရှေ့မှာရပ်နေတဲ့ ဟာရာကိုတွေ့လိုက်တာကြောင့် အနားကိုအပြေးသွားပြီး စစ်ဆေးမိတယ်။

"ကိုယ်ဘာမှမဖြစ်ပါဘူး''

ဟာရာဆီက ဘာမှမဖြစ်ပါဘူးဆိုတဲ့အသံကြားမှ ရှောင်းကျန့်စိတ်အေးရတော့တယ်။ ဘယ်လောက်ပဲထိပ်တန်းသိုင်းသမားဖြစ်နေပါစေ အခု ဟာရာကအရမ်းကိုလှနေတယ်။ သူစိတ်မချနိုင်ဘူး။ ဘေးနားမှာ ဟာရာကြောင့် လည်ပင်းပြတ်ပြီးသေနေတဲ့နှစ်ကောင်ကိုတော့ မမြင်ချင်ယောင်ဆောင်ထားလိုက်တယ်။

ဟာရာက လဲသေနေတဲ့လူဆီက တံဆိပ်ပြားကိုယူပြီး အရှေ့မှာရှိတဲ့ ကျောက်နံရံကအပေါက်ထဲကိုထည့်လိုက်တော့ တံခါးက သူ့အလိုလိုအပေါ်ကိုမြော​က်တက်ပြီး ပွင့်သွားတယ်။ သူတို့ဝင်သွားလိုက်တာနဲ့ သူတို့ရှေ့ကိုလာပြီး တားလာတဲ့လူတွေကြောင့် ရှောင်းကျန့်အလိုမကျဖြစ်သွားတယ်။

'Bunny ဒါကမင်းပြောတဲ့ အဆင့်မြင့်သိုင်းသမားတွေလား'

'မဟုတ်ဘူး host ဒါက ဒီနေရာကလုံခြုံရေးတပ်သားတွေ'

Bunny ရဲ့စကားဆုံးတာနဲ့ အရှေ့ကပိတ်ထားတဲ့ အယောက် ၃၀လော​က်ရှိတဲ့လူတွေက မြေကြီးပေါ်ကို ခွေကနဲလဲကျသွားကြတယ်။ သူတို့လည်ပင်းမှာလည်း ပြတ်ရှရာတွေနဲ့..။ ရှောင်းကျန့်သူ့ဘေးက ဟာရာကိုကြည့်လိုက်မိတယ်။ ဟာရာလှုပ်လိုက်တာ သူမြင်တောင်မမြင်လိုက်ဘူး။

ဟာရာကတော့ သူ့ရဲ့အရိပ်ဓားအတိုလေးသုံးချောင်းကို အနက်ရောင်လက်ကိုင်ပဝါလေးနဲ့ သုတ်နေတယ်။ ရှောင်းကျန့်လည်းဘာမှမပြောတော့ဘဲ အဖမ်းခံထားရတဲ့ မိန်းကလေးတွေနားကိုသွားပြီး သူဖော်ထားတဲ့ဆေးကို တိုက်ဖို့ပြင်လိုက်တယ်။

"ကိုယ့်ကိုပေး..ကိုယ်လုပ်လိုက်မယ်''

ရှောင်းကျန့် မိန်းကလေးတစ်ယောက်ကို ဆေးတိုက်ခါနီး သူ့လက်ထဲကဆေးကိုဆွဲယူသွားပြီး မိန်းကလေးတွေကိုလိုက်တိုက်​နေတဲ့ဟာရာကို ဒီတိုင်းပဲရပ်ကြည့်နေလိုက်တယ်။ သူ့လူကြီးကတော့ သဝန်တိုလိုက်တာ လွန်ရော။ ဆေးတိုက်ပြီး အမွှေးတိုင်တစ်ဝက်ကုန်စာအချိန်လောက်ကြာတော့ မိန်းကလေးတွေအကုန်လုံး အသိစိတ်ပြန်ကပ်လာကြတယ်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now