arc 9.5 ပန်စူးလျဲ့

6.3K 611 44
                                    

❤Unicode

"ပန်ခေါ့''

"အင်း ပြောလေချစ်''

"ကျွန်တော် ခင်ဗျားကို ပေးစရာရှိတယ်''

ရှောင်းကျန့်က ပြောပြောဆိုဆို သစ်သားသေတ္တာ အသေးလေးတစ်ခုကို အင်္ကျီလက်ခေါက်ထဲကနေ ထုတ်ယူလိုက်သည်။

"အင့် ဖွင့်ကြည့်လိုက်''

သူ ပန်ခေါ့လက်ထဲကို ထည့်ပေးလိုက်တော့ ပန်ခေါ့က သူ့ကိုတစ်ချက်ကြည့်ပြီး သေတ္တာလေးကိုဖွင့်လိုက်သည်။

"ပဝါလေးပဲ''

"အင်း ကျွန်တော်ကိုယ်တိုင်လုပ်ထားတာလေ ပန်ခေါ့သဘောကျရဲ့လား''

"အင်း အရမ်းသဘောကျတယ် ကျေးဇူးပဲအချစ်''

"ဟီး ပန်ခေါ့သဘောကျရင်ရပြီ''

ပန်ခေါ့ သူ့ရှေ့က ပြုံးနေတဲ့ကောင်လေးရဲ့ ဆံပင်လေးတွေကို အသည်းယားစွာ ဖွလိုက်မိသည်။ သူ့လက်ထဲမှာလည်း ဒုဒလီပန်းပုံ ချည်ထိုးထားတဲ့ ပဝါလေးတစ်ခုက နေရာယူထားသည်။

သူတို့က အခု ရှီးနန်ရဲ့ ဥယျာဉ်တစ်ခုထဲမှာ ရောက်နေတာဖြစ်သည်။ ဒီနေ့က မနက်ပိုင်းအတန်းချိန် မရှိတာကြောင့် အေးဆေးတွေ့လို့ရခြင်းပင်။

"အချစ်''

"ဟင်''

"ကျောင်းပြီးလို့ အိမ်တော်ပြန်တဲ့အခါ အချစ်တို့တိုင်းပြည်အရှင်ဆီမှာ ကိုယ် အချစ်ကိုလာတောင်းမယ်''

ရှောင်းကျန့် သူ့ချစ်သူရဲ့ အပြောကို ပြုံးပြုံးလေး ခေါင်းငြိမ့်ပြလိုက်သည်။

"ကျွန်တော်စောင့်နေမယ်''

ရှောင်းကျန့် သူ့ချစ်သူရဲ့ပုခုံးပေါ် ခေါင်းလေးတင်ရင်း မျက်လုံးလေးမှိတ်ကာ မှိန်းနေမိသည်။ သူတို့က ချယ်ရ​ီ​ပင်ကြီးရဲ့အောက်မှာ ထိုင်နေကြတာမို့ ကြွေကြနေတဲ့ ချယ်ရီပွင့်ဖက်လေးတွေနဲ့ ချယ်ရီပန်းရနံ့သင်းသင်းလေးက သူ့ရဲ့စိတ်ကို ကြည်လင်စေသည်။

ခဏကြာတော့ သူတို့နှစ်ယောက်အနားကို စန်းရောက်လာသည်။

"သခင် မက်မွန်သီးကိတ်ရပါပြီ''

"အင်း ထားခဲ့ပြီးရင် သွားလို့ရပြီ''

စန်းတစ်ယောက် သူ့ကိုအနုနည်းနဲ့နှင်ထုတ်လိုက်တဲ့ သခင်ဖြစ်သူကို စိတ်ထဲကနေ မဲ့ရွဲ့ပစ်လိုက်သည်။ သူကလည်း သူတို့နှစ်ယောက်အနား နေချင်လွန်းလို့..။ အလကားနေရင်း ခွေးစာတွေမစားချင်ပါဘူးနော်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Donde viven las historias. Descúbrelo ahora