arc 9.7 ပန်စူးလျဲ့

5.9K 606 32
                                    

❤Unicode

စုနော်ကျိုက်တစ်ယောက် သူ့လက်ထဲမှာကိုင်ထားတဲ့ အဖြူရောင်အမှုန့်တွေကိုကြည့်ပြီး ကျေနပ်စွာပြုံးလိုက်သည်။ ဒီအမှုန့်လေးတွေက သူမမှောင်ခိုစျေးကနေ ခက်ခက်ခဲခဲဝယ်လာခဲ့တဲ့ အရိုးပျော့အဆိပ်တွေပင်။ ဒီအဆိပ်ကို မနက်ဖြန်ပြိုင်ပွဲမှာ တစ်ယောက်သောသူအတွက် သီးသန့်အသုံးပြုမှာဖြစ်ပြီး ထိုနေ့ကိုရောက်လာဖို့ သူမစောင့်နိုင်တော့ပေ။

"ဟက်! ပန်စူးလျဲ့ နင်ဒီတစ်ခါတော့ မလွတ်စေရဘူး''

စုနော်ကျိုက် ကောက်ကျစ်စွာပြောလိုက်ပြီးနောက် သူ့မျက်လုံးထဲမှာ ပန်ခေါ့ရဲ့ ခန့်ညားလွန်းတဲ့ပုံရိပ်ကို မြင်ယောင်လာသည်။

"ကျောက်ပန်ခေါ့ ရှင်က ကျွန်မအပိုင်ဖြစ်လာစေရမယ်''

နောက်တစ်နေ့မနက်ရောက်တော့ ေယာက်ျားလေးတွေက အရင်ယှဥ်ပြိုင်ရပြီး ကောတွေနဲ့မိန်းကလေးတွေက နောက်မှယှဥ်ပြိုင်ရမှာဖြစ်သည်။ ပထမဆုံး ပွဲစီစဥ်ကြီးကြပ်သူက ပြိုင်ပွဲစည်းကမ်းတွေကို ဖတ်ပြသည်။

"ဒီပြိုင်ပွဲက မင်းတို့အတွက် လက်တွေ့စာမေးပွဲတစ်ခုပဲ၊ ဒီပြိုင်ပွဲမှာ အောင်မြင်သူအဖြစ်သတ်မှတ်ခံရဖို့အတွက် မင်းတို့အနေနဲ့ လူ ၅ ယောက်ကို အနိုင်ရဖို့လိုမယ်၊ ပြိုင်ပွ​ဲမှာ မသမာတဲ့နည်းလမ်းသုံးတာကိုတွေ့တာနဲ့ ပြိုင်ပွဲကနေ ချက်ချင်းထုတ်ပယ်မှာဖြစ်တယ်၊ ကျောင်းသားတွေအားလုံး အဆင်သင့်ပြင်ထားပါ''

စီစဥ်ကြီးကြပ်သူက သူပြောစရာရှိတာ ပြောပြီးတာနဲ့ ပွဲကြည့်စင်ပေါ် ပြန်တက်သွားတော့သည်။ ဒီပြိုင်ပွဲရဲ့အားသာချက်တစ်ခုက လူတစ်ယောက်ကိုအနိုင်ရပြီးရင် ထိုအနိုင်ရသွားတဲ့သူက နောက်ထပ်ပြိုင်ရမယ့်သူကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိခြင်းပင်။

​ေယာက်ျားလေးတွေ အရင်ဆုံးပြိုင်ရတာကြောင့် ရှောင်းကျန့်တို့လို ကောတွေနဲ့မိန်းကလေးတွေက ပဲွကြည့်စင်ပေါ်မှာ ပြုလုပ်ပေးထားတဲ့နေရာအလိုက် ထိုင်ကာ ပြိုင်ပွဲကိုကြည့်နေကြရသည်။ ပွဲကြည့်စင်ရဲ့အလယ်မှာတော့ ယှဥ်ပြိုင်ဖို့အတွက် ကျောက်သားစင်အကျယ်ကြီးရှိလေသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now