arc 5.10 လျိုရှစ်ယင်း

7.8K 898 84
                                    

❤Unicode

လတစ်လရဲ့နောက်ဆုံးညဖြစ်တဲ့ လကွယ်ညမှာ လူတစ်ယောက်က နန်းတော်အနောက်တံခါးနားမှာရှိတဲ့ သစ်ပင်ကြီးပေါ်မှာ ပုန်းခိုလို့ မကြာခင်ဖြစ်လာတော့မယ့် အခြေအနေကို စောင့်ကြည့်လို့နေသည်။ ထိုလူကတော့ ဂိုတိုင်းပြည်ရဲ့ အမတ်ချုပ်ကြီး ဖော့စ်ပင်ဖြစ်သည်။

သူဒီနေရာကိုရောက်နေတာ ည ၁၁ နာရီမထိုးခင်ကတည်းကဖြစ်သည်။ သူ့စိတ်ထဲမှာလည်း ဟိုကောင်လေးပြောတာတွေ အမှန်မဟုတ်ဖို့သာ မျှော်လင့်နေမိသည်။

"ကျွီ...''

သူစောင့်ကြည့်နေတုန်း နန်းတော်အနောက်တံခါးက ပွင့်လာပြီး လူ ၄ ယောက်ထွက်လာသည်။ နှစ်ယောက်က ဂိုဘုရင်နဲ့ သူ့ရဲ့ကိုယ်ရံတော်ဖြစ်ပြီး နောက်နှစ်​ေယာက်ကတော့ အသေခံတပ်သားတွေဖြစ်သည်။

ထိုလူတွေကိုတွေ့လိုက်တော့မှ ဖော့စ်ဟာ သူ့ရဲ့အတွေးတွေမှားနေပြီကြောင်း သိလိုက်ရသည်။ တပ်သားတစ်​ယောက်ရဲ့လက်ထဲမှာ ပါးစပ်ကို အဝတ်နဲ့အစည်းခံထားရတဲ့ ကလေးပေါက်စလေးတစ်ယောက်ရှိနေသည်လေ..။

ဖော့စ်လည်း ဘာဆက်ဖြစ်မလဲဆိုတာကိုသာ ဆက်ပြီးစောင့်ကြည့်နေလိုက်သည်။ ဂိုဘုရင်က တပ်သားနှစ်ယောက်ကို တစ်ခုခုပြောနေပုံပေါ်ပြီး ခဏကြာတော့ ထိုတပ်သားနှစ်ယောက်က နန်းတော်အနောက်ဘက်က တောင်ကုန်းဆီကို ထွက်သွားကြသည်။

ဖော့စ်လည်း ထိုတပ်သားနှစ်ယောက် ထွက်သွားတဲ့ဆီကို အနောက်ကနေ တိတ်တဆိတ်လိုက်လာခဲ့သည်။ ဖော့စ်ဟာ သိုင်းပညာမြင့်မားတဲ့သူမို့ သူလိုက်လာတယ်ဆိုတာ ထိုတပ်သားနှစ်ယောက် မရိပ်မိပေ..။

သူနောက်ယောင်ခံလိုက်လာရင်း တပ်သားနှစ်ယောက် ရပ်လိုက်တဲ့နေရာကိုကြည့်လိုက်တော့ တောင်ကုန်းအနောက်က ဂူကြီးရှေ့မှာဖြစ်နေသည်။

သူကြည့်နေတုန်း တပ်သားတစ်ယောက်က ထိုကလေးကိုအောက်ချလိုက်ပြီး ကလေးရဲ့လက်တစ်ဖက်ကို ဓားနဲ့လှီးဖြတ်လိုက်သည်။ ကလေးမှာ နာကျင်ကာ ကော့လန်ထိုးနေသော်လည်း ပါးစပ်ကိုအဝတ်နဲ့ အစည်းခံထားရတာမို့ အသံပင်မထွက်နိုင်ပေ..။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Wo Geschichten leben. Entdecke jetzt