arc 7.6 ရန်ကျော်

7.5K 804 74
                                    

❤Unicode

"Baby!''

ဝန်း Baby အတွက် green tea သွားဖျော်ပြီးပြန်အလာ Baby ကိုအနိုင်ကျင့်နေတဲ့လူတွေကြောင့် အနားကိုအမြန်ပြေးသွားလိုက်သည်။ ဘယ်လိုလူက သတ္တိတွေရှိပြီး သူ့အပိုင်ကိုထိရဲရတာလဲ။

"အင့်! Darling ဟင့်!''

"ဘာမှမဖြစ်တော့ဘူးနော် Baby ကိုယ်ရောက်လာပြီ''

ဝန်း သူ့ရင်ခွင်ထဲကို အတင်းတိုးဝင်လာတဲ့ Baby ကို ကျောလေးပုတ်ကာ နှစ်သိမ့်ပေးမိသည်။ သူ့ရင်ခွင်ထဲမှာ Baby က တစ်ကိုယ်လုံးတုန်ယင်လို့။ သူတို့နားမှာရှိနေတဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ဝန်းရဲ့အေးစက်စက်အရှိန်အဝါတွေကြောင့် ကြက်သီးထဖွယ်ပင်ကောင်းနေချေပြီ။

"လက်ဖက်စိမ်း အကြောင်းပြချက်ကဘာလဲ၊ မင်းကဘာကောင်မို့လို့ Baby ကိုထိပိုင်ခွင့်ရှိသွားတာလဲ''

အေးစက်စက်ထွက်လာတဲ့ဝန်းရဲ့အသံက စားသောက်ဆိုင်တစ်ခုလုံးကို ဟိန်းခနဲ။ သူဘယ်လောက်ဒေါသထွက်နေလဲဆိုတာ နီရဲနေတဲ့မျက်လုံးတွေကိုကြည့်ရင် သိနိုင်သည်။

"ဝန်း မင်းကဘာဖြစ်တာလဲ၊ အဲ့ဒီဘာမှဟုတ်တဲ့ အောက်တန်းစားကောင်ကြောင့် အခုငါ့ကိုအော်လိုက်တာလား''

"ဟုတ်တယ်ဝန်း ဒီကောင့်အကြောင်း မင်းကဘာသိလို့လဲ၊ အဲ့ဒီကောင်က ငါ့ချစ်သူမြလေးကို ဆေးခပ်ပြီး မုဒိန်းကျင့်ဖို့ကြံစည်ဖူးတဲ့သူကွ!''

"မ..မဟုတ်ဘူးနော် Darling၊ Baby တကယ်မလုပ်ဘူးနော်၊ Darling ယုံတယ်မလားဟင် ဟင့်! Baby က အင့်! အစွပ်စွဲခံရတာပါ Darling ယံုပေးပါနော်''

လက်လေးတကာကာနဲ့ မျက်ရည်ပေါက်ကြီးငယ်ကျကာ အသည်းအသန်ရှင်းပြနေတဲ့ Baby ကိုကြည့်ပြီး ဝန်းရဲ့ဒေါသတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ တောက်လောင်လာသည်။

"ယုံတယ်၊ ကိုယ်ယုံတာမို့ Baby မငိုတော့နဲ့နော်''

ဝန်း Baby ကို တင်းတင်းလေးတိုးဖက်ထားလိုက်သည်။ သူ့ Baby က ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာ သူသေချာသိတာပေါ့။

"ရန်..ရန်ကျော် နင့်ကိုငါတောင်းပန်ပါတယ် ဟင့်! ငါ့ကိုထပ်မနှောင့်ယှက်ပါနဲ့တော့ ငါ..ငါနင့်ကိုမချစ်ဘူးလို့​ ပြောပြီးပြီပဲ ဟင့်!''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now