arc 5.9 လျိုရှစ်ယင်း

8.4K 919 33
                                    

❤Unicode

(အဟမ်! အဟမ်း! warning နော် (ಥ﹏ಥ) မဖတ်ချင်ရင် အာ..မဖတ်ချင်တဲ့သူမရှိဘူးမလား? \( ̄︶ ̄)/)
.............
"အချစ် ကိုယ့်ကိုတစ်ခုခုပြောစရာရှိလို့လား''

နေ့လယ်စာစားပြီးကတည်းက တစ်ခုခုပြောချင်ပေမယ့် ပြောရခက်နေပုံရတဲ့ ရှစ်ယင်းလေးကြောင့် ရှဲ့ရှဲ့ သူကိုယ်တိုင်ထုတ်မေးလိုက်ရသည်။ သူထုတ်မမေးရင် အချစ်က ဒီတစ်သက်ပြောမယ့်ပုံလည်း မပေါ်ပေ..။

သူမေးလိုက်မှ အချစ်က လက်လေးနှစ်ဖက်ကို ယှက်ထားရင်း သူ့ကို မခို့တရို့နဲ့ မျက်လုံးလေးလှန်ကြည့်သည်။

"ဟို..တကယ်တော့လေ ယင်းယင်းကလေ အဲ့ဒါကိုတအားလိုချင်နေတာ''

ဆန္ဒပြင်းပြနေပုံပေါ်တဲ့အချစ်ကြောင့် ရှဲ့ရှဲ့စိတ်ကို အဆင်သင့်ပြင်ထားလိုက်သည်။ သူ့အချစ်သာလိုချင်ရင် ဘာမဆို သူရအောင်လုပ်ပေးမှာဖြစ်သည်။

"အချစ်ကဘာလိုချင်လို့လဲ? ကိုယ့်ကိုပြော ကိုယ်မရရအောင်လုပ်ပေးမယ်''

"အချစ်လေ ဂိုတိုင်းပြည်ကို လိုချင်တယ်''

"ဟင်!''

ရှောင်းကျန့် သူ့ချစ်သူရင်ခွင်ထဲ ဝင်တိုးလိုက်ရင်း သူလိုချင်တာကို ပြောလိုက်သည်။ သူပြောလိုက်တော့ ရှဲ့ရှဲ့က သူ့ကိုယ်လေးကို ပြန်ဖက်ရင်း ခဏလောက်တိတ်ဆိတ်သွားတာကြောင့် ရှောင်းကျန့်မော့ကြည့်လိုက်တော့ ရှဲ့ရှဲ့က တစ်ခုခုကို စဥ်းစား​ေနပုံပင်..။

ခဏကြာတော့ ရှဲ့ရှဲ့က သူ့နဖူးလေးကို ငုံ့နမ်းရင်း သူ့ကိုမေးလာသည်။

"ကိုယ်လုပ်ပေးလို့ရတယ် ဒါပေမယ့် အကြောင်းပြချက်ကိုသိလို့ရမလား? ဒါက အချစ်ကိုမယုံလို့မဟုတ်ဘူးနော် ကိုယ်က အချစ်နဲ့ပတ်သတ်ရင် အသေးအမွှားလေးကအစ သိထားချင်လို့''

သူ့ချစ်သူရဲ့အပြောကို ရှောင်းကျန့် ခေါင်းလေးငြိမ့်လို့ အသိအမှတ်ပြုမိသည်။ သူ့ချစ်သူရဲ့စိတ်ထဲမှာ သူ့အတွက် သံသယတွေမရှိဘူးဆိုတာ သူသိပါသည်။

"အချစ် ရှဲ့ရှဲ့ကိုယုံပါတယ် အချစ် လျုိဖေးချန်ကိုကလဲ့စားချေချင်တယ် သူ့ကိုကလဲ့စားချေဖို့ဆိုရင် အချစ်မှာ ကျိန်းသေးပေါက် အင်အားတစ်ခုလိုအပ်တယ်..ဂိုတိုင်းပြည်က အချစ်ရဲ့အင်အားဖြစ်ပေးဖို့အတွက် အသင့်တော်ဆုံးပဲ အဲ့ထက်ပိုကောင်းတာက ဂိုတိုင်းပြည်ရဲ့မင်းကြီးကို ပြည်သူတွေရော မူးမတ်တွေကပါ အလိုမရှိတာပဲ''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now