❤Unicode
ညဘက်မှာ အမဲဖြတ်ခံရပြီးနောက် ေနာက်တစ်နေ့ ေန့လယ်မှသာ ရှောင်းကျန့်နိုးလာခဲ့သည်။ ပေါ့ပါးနေတဲ့ခန္ဓာကိုယ်ကြောင့် ထုံးစံအတိုင်း သူ့ချစ်သူသန့်ရှင်းပေးထားသည်ထင်ပါရဲ့။ ထယ်ဂျူက သူ့ဘေးမှာမရှိပေမယ့် ရေကျသံကြားတာကြောင့် ရေချိုးခန်းထဲမှာရှိနေမယ်ဆိုတာ သူသဘောပေါက်လိုက်၏။
"Ringtone!!!"
ရှောင်းကျန့် အိပ်ယာပေါ်ကထဖို့ကြံနေတုန်း ဖုန်းသံမြည်လာတာကြောင့် ဖုန်းကိုမကြည့်ဘဲ ကိုင်လိုက်မိသည်။ ကံမကောင်းစွာပဲ ဖုန်းထဲကထွက်ပေါ်လာတဲ့ အသံတစ်ခုကြောင့် ရှောင်းကျန့်ထိတ်လန့်သွားရ၏။
"Black! မင်းအခုတော့ဖုန်းကိုင်ပြီပေါ့ ဟမ်! မင်းဘာကြောင့် အဲ့လောက်ထိလုပ်ရက်ရတာလဲ၊ ရှင်းဘီမှာ ဘာအပြစ်ရှိလို့လဲ၊ မင်းအဲ့ကောင်ကိုချစ်တာသိပေမယ့် ရှင်းဘီက အပြစ်မဲ့တဲ့သူဆိုတာ မင်းသိရက်နဲ့ကွာ ကျစ်! Black မင်းတစ်ခုခုတော့ပြန်ပြောသင့်တယ်၊ မင်းညက အဲ့ကောင်နဲ့အတူရှိနေတယ်ဆိုတာ ငါသိတယ်နော် Balck! ငါပြောတာနားထောင်နေရဲ့လား! Bla တီ!''
ရှောင်းကျန့် ဆက်နားမထောက်နိုင်တော့တာကြောင့် ဖုန်းချပစ်လိုက်သည်။ သူ့ရဲ့ခေါင်းထဲမှာလည်း ဗလာနတ္ထိ။
ထယ်ဂျူက Black လား။ ဘာတွေလဲ ဒါဆို သူ့ဘေးနားမှာရှိနေတဲ့ သူ့ချစ်သူက mission အရ သူသတ်ရမယ့် ဇာတ်လိုက်ကောင် Black ပေါ့..။ ဒါက ဘယ်လိုတောင် ဟာသမြောက်တဲ့လှည့်ကွက်ကြီးလဲ။
ရှောင်းကျန့် ခေါင်းတစ်ခုလုံးချာချာလည်ကာ နားတွေပါအူနေပြီး စိတ်နဲ့လူတခြားစီဖြစ်သွားရ၏။
သူမလုပ်နိုင်ဘူး။ သူ့ချစ်သူကို သူ့လက်နဲ့ကိုယ်တိုင်မသတ်ပစ်နိုင်ဘူး။ ဘယ်သူ့ကိုမှလည်း သူ့ချစ်သူကိုထိခွင့်မပေးနိုင်ဘူး။
သူ့ချစ်သူ သွေးအိုင်ထဲမှာလဲနေရမယ့် ပုံစံကို မြင်ယောင်မိတိုင်း သူ့ရဲ့စိတ်ဝိဉာဉ်တစ်ခုလုံးကို အသူရာချောက်နက်ကြီးထဲ ကျသွားသလိုကို ခံစားရသည်။
မဖြစ်ဘူး။ သူဒီလိုလုံးဝကိုအဖြစ်မခံနိုင်ဘူး။
ရှောင်းကျန့် ကိုယ့်ကိုယ်ကို အသိစိတ်ပြန်သွင်းလိုက်ပြီး နာမည်မပါတဲ့ အမည်မသိဖုန်းနံပါတ်တစ်ခုကို called history ထဲကနေ ချက်ချင်းဖျက်ပစ်လိုက်သည်။ ပြီးတာနဲ့ ခုံပေါ်မှာဖုန်းကို ပုံမပျက်ပြန်တင်ထားလိုက်ပြီး သူအရင်ဆုံးလုပ်မိတာက bunny ကိုခေါ်တာပင်။
YOU ARE READING
𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎
FanfictionYIZHAN SYSTEM fic လေးပါ... စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ရပါတယ်နော် Start date ~~ 22.5.2021 End date ~~ ?