arc 1.5

14.5K 1.2K 45
                                    

❤Unicode

ဒီနေ့လည်းပုံမှန်အတိုင်း ရှောင်းကျန့်ကို သူ့ Daddy ကကျောင်းလိုက်ပို့ပြီး ကုမ္ပဏီကိုသွားတယ်။ ဒါပေမယ့် သူကိုကြည့်နေကြတဲ့ ကျောင်းထဲကလူတွေရဲ့ အကြည့်တွေက ပုံမှန်ဟုတ်မနေတာပဲ..။ သူတို့ရဲ့အကြည့်တွေက ရွံစရာတစ်ခုကို ကြည့်နေကြသလိုပဲ..။

'System ကျောင်းထဲကလူတွေရဲ့ အကြည့်တွေက ဘာဖြစ်နေတာလဲ '

'host က gay ဆိုတာကို ကျောင်းထဲမှာသတင်းဖြန့်ထားပါတယ် host'

system ေလးရဲ့စကား​ကြောင့် ရှောင်းကျန့်ဒေါသထွက်လွန်းလို့ အသားတွေတောင်တဆတ်ဆတ်တုန်လာတယ်။ ကိုယ့်ဘာသာ gay ချင် gay ကွေးချင်ကွေး သူတို့သောက်​ကြောင်းပါလို့လား။ ဒါသက်သက်သူ့ကိုရန်စတာပဲ..။ ဟက်..ရှောင်းကျန့်အကြောင်း မသိသေးဘူးထင်တယ်။

'system အဲ့သတင်းဘယ်သူဖြန့်တာလဲဆိုတာ စုံစမ်းပေး'

'ဟုတ်ကဲ့ပါ host'

ရှောင်းကျန့်လည်း ပတ်ဝန်းကျင်ကလူတွေ လျစ်လျူရှုပြီး ကိုယ့်လမ်းကိုယ်သာ ​ေလျှာက်လာလိုက်တယ်။ ဒီလူတွေကိုအရေးလုပ်နေရအောင် သူ့မှာအချိန်တွေ အဲ့လောက်ပေါမနေဘူး။ အတန်းထဲမှာမှောက်အိပ်ရဦးမယ်..မအားဘူး။

"ဘုတ်!''

"အာ့!''

"ဟားဟားဟား! "

အတန်းထဲမှာမှောက်အိပ်ဖို့တွေးရင်း လမ်းလျှောက်လာတဲ့ရှောင်းကျန့်က သူ့အရှေ့ကိုထိုးခံလိုက်တဲ့ခြေထောက်ကိုမမြင်ဘဲ ခလုတ်တိုက်မိပြီး ချော်လဲသွားသည်။ ေဘးမှာကြည့်နေတဲ့သူတွေကလည်း တဟားဟားနဲ့ဝိုင်းရယ်နေကြတာကြောင့် ရှောင်းကျန့်လက်သီးကိုတင်းတင်းဆုပ်မိသွားတယ်။

ဒီလူတွေက သူ့ရဲ့သည်းခံနိုင်စွမ်းတွေကို လာလာဆွနေတာပဲ။ အခုတော့ သူ့ရဲ့သည်းခံနိုင်စွမ်းထက် အများကြီးကိုကျော်လွန်သွားပြီ။

သူ့ကိုခြေထိုးခံတဲ့ကောင်းကိုကြည့်လိုက်တော့ အရင်ရှောင်းကျန့်နဲ့ နည်းနည်းရန်စရှိတဲ့ကောင်ဖြစ်နေတယ်။

"အဟက်..အခြောက်လေးကပျော့လိုက်တာ..ခြေထောက်လေးတစ်ဖက်ကိုတောင် ခံနိုင်ရည်မရှိတော့ပါလား''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now