arc 3.3 ရှီးယွဲ့လျန်

10.2K 1K 72
                                    

❤Unicode

"ဟေး! ရိရန် ဒီနေ့များလှချည်လား..ရော့ ဒီမှာမင်းအတွက်လုပ်အားခ''

"ကျေးဇူးပဲ''

"ရိရန်ရာ..နည်းနည်းပါးပါးပြုံးစမ်းပါဦး..မင်းကြည့်ရတာခံစားချက်မရှိတဲ့အတိုင်းပဲ''

"သွားပြီ''

စကားများလွန်းတဲ့ ဆိုဒ်ထဲကအကိုကြီးကို တစ်ခွန်းပဲပြန်ပြောပြီး ရိရန်လှည့်ထွက်လာခဲ့တယ်။ လက်ထဲမှာဆုပ်ကိုင်ထားတဲ့ ယွမ် ၂၀၀ ကိုကြည့်ပြီး အပြုံးလို့မဆိုသာတဲ့အပြုံးလေးတစ်ခုပြုံးမိသေးတယ်။ ဒီနေ့ ပလုံကောက်တာ အရင်နေ့တွေကထက် အများကြီးပိုရတယ်။ နဖူးကစီးကျနေတဲ့ချွေးတွေကို လက်မောင်းနဲ့ပွတ်သုတ်လိုက်ပြီး လမ်းဘေးကခုံတန်းလေးပေါ်ခဏဝင်ထိုင်လို့ အမောဖြေလိုက်တယ်။ ဒီနေ့မှ နေကလည်းပူလိုက်တာတအားပဲ။

ကျောင်းပိတ်တဲ့ရက်တွေဆိုရင် မနက်ပိုင်းမှာ ရိရန်က ပလုံကောက်တယ်။ နေ့လယ်နဲ့ညနေပိုင်းတွေကိုတော့ Cafe & Bakery ဆိုင်လေးမှာ စားပွဲထိုးသန့်ရှင်းရေးကို အချိန်ပိုင်းဝင်လုပ်တယ်။ ကျောင်းတက်ရက်တွေဆိုရင်တော့ 5:00 pm ​ကနေ 7:00 pm အထိ Cafe & Bakery ဆိုင်လေးမှာပဲလုပ်ဖြစ်တယ်။ ကျန်တဲ့အချိန်တွေမှာတော့ ရိရန်က ယွဲ့လျန်သူ့အတွက် ယူယူလာပေးတဲ့စာအုပ်တွေကို ဖတ်နေတတ်တယ်။

ဒီနေ့အတွက် ပလုံကောက်တဲ့အလုပ်က လုပ်ပြီးသွားပြီမို့ သူနေနေတဲ့မိဘမဲ့ဂေဟာကျောင်းလေးကိုပြန်လာပြီး ရေမိုးချိုးလို့အဝတ်အစားလဲလိုက်တယ်။ ခဏနေရင် သူ ဆိုင်ကိုသွားရတော့မယ်။ ဒါက ရိရန်ရဲ့နေ့စဥ် ဖြတ်သန်းတဲ့ပုံစံပဲ။

သူပလုံကောက်လို့ရလာတဲ့ပိုက်ဆံလေးတွေရယ်၊ အချိန်ပိုင်းအလုပ်ကရတဲ့ပိုက်ဆံလေးတွေရယ်ကို သေသေချာချာစုတယ်။ သူအလုပ်ကြိုးစားပြီး အရင်းအနှီးလေးရလာရင် စီးပွားရေးလုပ်ငန်းလေးတစ်ခုလုပ်မယ်လို့လည်း ရည်ရွယ်ထားသေးတယ်။ ရိရန် သူ့အခန်းထဲက ယွဥ်ပြီးထောင်ထားတဲ့ စုဘူးလေးနှစ်ခုထဲကို ရလာတဲ့ပိုက်ဆံကို တစ်ဝက်ဆီခွဲပြီးထည့်လိုက်တယ်။ တစ်ဘူးကတော့ သူ့ရဲ့ရည်မှန်းချက်အတွက်ဖြစ်ပြီး နောက်တစ်ဘူးကတော့ သူ့ရဲ့လမ်းပြကြယ်လေးအတွက်ပေါ့။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Onde histórias criam vida. Descubra agora