arc 5.2 လျုိရှစ်ယင်း

9.7K 1.1K 70
                                    

❤Unicode

လျုိရှစ်ယင်းရဲ့ရုပ်ရည်က ၁၆ နှစ်အရွယ် လူပျိုပေါက်လေးမို့ ဖြူဥနုဖက်ပြီး ခုန်အုပ်ချင်စရာလေးဖြစ်သည်။

မျက်လုံးလေးတွေက ပင်လယ်ပြာရောင်လေးတောက်နေပြီး နှုတ်ခမ်းလေးကလည်း ပန်းရောင်သန်းနေ၏။

ပါးနှစ်ဖက်လုံးက ဖောင်းကားနေပြီး မျက်ခုံးနှစ်ခုရဲ့အလယ်မှာ အနီရောင် အချောင်းပုံစံအမှတ်အသားလေးလည်း ရှိသေးသည်။

ရှောင်းကျန့် လျိုရှစ်ယင်းရဲ့ရုပ်ရည်လေးကိုကြည့်လိုက် မှန်တင်ခုံပေါ်မှာတက်ထိုင်ပြီး မျက်နှာချင်းဆိုင်လာစိုက်ကြည့်နေတဲ့ ကြောင်စုတ်ကိုကြည့်လိုက်နဲ့ ကြက်သီးတွေတောင်ထလာမိသည်။

ရှဲ့ရှဲ့လူအသွင်ပြောင်းတဲ့နေ့မှာတင် ခုန်အုပ်မခံရဖို့ မျှော်လင့်ရတာပဲ..။

"ဘာလာကြည့်နေတာလဲ အနောက်မှာသွားစောင့်နေ ငါခေါင်းဖြီးပြီးရင်လာခဲ့မယ်''

"​ညှောင်! ညှောင်!''

[သခင့်ဖင်ကိုငှားထိုင်နေလို့လား မသွားနိုင်ဘူး]

သခင့်စကားကို အရမ်းတွေနားထောင်နေတဲ့ ကြောင်ငမဲကြောင့် ရှောင်းကျန့် သွေးအန်ချင်သွားသည်။ ဒီလိုလက်ပေါက်ကပ်တဲ့ပုံစံမျိုးနဲ့ သူဘယ်တော့ကိုင်ပေါက်မိမလဲမသိဘူး..။

ရှောင်းကျန့် ထိုကြောင်ငမဲကို အမြင်ကပ်လာတာကြောင့် ဘီးနဲ့ဆံထိုးကို ရှဲ့ရှဲ့ရှေ့ကို ပစ်ချပေးလိုက်သည်။

"မသွားရင် ငါ့ကိုပြင်ပေး''

သူပြောလိုက်တော့ ရှဲ့ရှဲ့က ထိုင်ရာကနေထလာပြီး ဘီးနဲ့ဆံထိုးကို သူ့လက်လေးနှစ်ဖက်နဲ့ထိလိုက်သည်။ သူထိလိုက်တာနဲ့ ဘီးန့ဲဆံထိုးက အလင်းရောင်လေးတွေထွက်လာပြီး ခဏအကြာမှာပဲ သူ့ရဲ့ဆံပင်တွေဟာလည်း ထုံးဖွဲ့ပြီးသားဖြစ်သွားတော့သည်။

သူ့ရဲ့ဆံပင်တစ်ဝက်ကို သူချပေးလိုက်တဲ့ ဆံထိုးလေးနဲ့သိမ်းဖွဲ့ထားပြီး ကျန်တစ်ဝက်က ကျောပြင်ပေါ်ကို ဖြောင့်စင်းစွာ ကျရောက်နေကြသည်။

"ဝိုးးးး ရှဲ့ရှဲ့ မင်းကဒါလည်းရတာပဲလား''

"ညှောင်!''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Dove le storie prendono vita. Scoprilo ora