❤Unicode
"Mission Completed တဲ့အတွက် ဂုဏ်ယူပါတယ် host''
"အင်း bunny''
"Point တွေတွက်ပေးပါ့မယ်၊ အရင်ကမ္ဘာတွေမှာ ရခဲ့တဲ့ point က 8000 ပါ၊ ပြီးခဲ့တဲ့ကမ္ဘာမှာ အောင်မြင်ခဲ့တဲ့အတွက် point 1000 ရပါတယ်၊ စုစုပေါင်း point 9000 ရပါတယ်''
ရုပ်တည်ကြီးဖြစ်နေတဲ့ bunny ကို ရှောင်းကျန့် မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။ ဒီယုန်စုတ်ဘာဖြစ်နေပြန်ပြီလဲ..။ စိတ်ထဲရှိရင်ထုတ်ပြောလိုက်မှ ေကျနပ်တဲ့သူပီပီ ရှောင်းကျန့် bunny ကိုနှစ်ရွက်နှစ်ချောင်းကနေကိုင်ကာ လေထဲဆွဲမြှောက်ပြီး မျက်လုံးချင်းဆုံအောင်လိုက်ကြည့်လိုက်သည်။
"အားးး သောက် host ဘာလုပ်တာလဲ နာတယ်ဗျ အခုပြန်ချပေး''
"မှန်းစမ်း ခုနကမင်းဘာဖြစ်နေတာလဲ ၇ ရက်လောက်ချီးပန်းထားတဲ့ရုပ်နဲ့''
"ဘာမှမဖြစ်ဘူး လွှတ်ပေးစမ်းပါဗျာ''
"မှန်မှန်လိမ်စမ်း bunny''
"Host မကောင်းဘူးဗျာ အီးးးဟီးးးး!!"
ရုပ်တရက်ကြီးထငိုလာတဲ့ bunny ကြောင့် ရှောင်းကျန့် လန့်ပြီး ဆွဲထားတဲ့နားရွက်နှစ်ချောင်းကနေ လွှတ်ချမိသွားသည်။
"အားးး host အစုတ်ပလုတ် နောက်ဆုံးကမ္ဘာရောက်ပီဆိုပြီး သူများကိုအနိုင်ကျင့်နေတာ သောက်ကျင့်တစ်စက်ကလေးမှမကောင်းတဲ့ host စုတ် host နာ host ပဲ့ အီးးးးဟီးးးး ဝမ်းနည်းနေတာလေးတောင် ဘယ်နားရောက်သွားလဲမသိဘူး ဟင့်ဟင့်!!"
"အယ် အခုက နောက်ဆုံးကမ္ဘာလား bunny မင်းငါနဲ့ခွဲရမှာမို့လို့ ဝမ်းနည်းနေတာလား''
"ဘာမှဝမ်းနည်းမနေဘူး လူကိုနှိပ်စက်ဖို့လောက်ပဲသိတဲ့ host လိုလူယုတ်မာကြီးကို လွမ်းမနေဘူး မြန်မြန်သွားလေ အေးလေပဲ ဟင့်!''
နှာထိပ်နီရဲရဲနဲ့ bunny ကိုကြည့်ပြီး ရှောင်းကျန့် ရယ်လည်းရယ်ချင် ရယ်လည်းမရယ်ရက်ဖြစ်နေရသည်။ အတည်ကြီးဝမ်းနည်းသလို မျက်ရည်တွေတအိအိကျနေတဲ့ bunny ကို ရင်ခွင်ထဲကောက်ဖက်ထားလိုက်သည်။
"အိုက်ယား bunny ရာ တကယ်လို့မင်းငါနဲ့မခွဲချင်သေးဘူးဆိုလည်း ဒီကမ္ဘာမှာ mission အရှုံ့ခံလိုက်ပြီး နောက်ထပ်ပြစ်ဒဏ်ကမ္ဘာကိုသွားကြမယ်လေ''
YOU ARE READING
𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎
FanfictionYIZHAN SYSTEM fic လေးပါ... စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ရပါတယ်နော် Start date ~~ 22.5.2021 End date ~~ ?