arc 5.14 လျိုရှစ်ယင်း(final)

8.8K 947 35
                                    

❤Unicode

"အရှင်..စစ်သူကြီးရောက်ပါပြီ''

"ဝင်ခိုင်းလိုက်ပါ''

စစ်သူကြီးဝင်လာတာတွေ့တာနဲ့ မတ်ခနဲဖြစ်သွားတဲ့ ရန်ဟွားကိုကြည့်ပြီး ရှောင်းကျန့် စိတ်ထဲကနေ ကြိတ်ခွီးနေမိသည်။

"အရှင့်ကို အရိုအသေပေးပါတယ်''

"ထိုင်ပါစစ်သူကြီး ကိုယ်တော် မင်းတို့နဲ့ ဆွေးနွေးစရာရှိတယ်''

သူပြောလိုက်တာနဲ့ စစ်သူကြီးက ရန်ဟွားကို ခပ်ဆွေးဆွေးငေးကြည့်လို့ ဘေးမှာဝင်ထိုင်သည်။ မျက်နှာငယ်လေးနဲ့ စစ်သူကြီးကို ရှောင်းကျန့် သနားလာတာကြောင့် ခပ်မြန်မြန်ပဲ ပြောဖို့ဆုံးဖြတ်လိုက်သည်။

"ရန်ဟွားမင်းသမီးနဲ့ စစ်သူကြီးတို့ မေတ္တာမျှနေတယ်ဆိုတာ ကိုယ်တော်သိထားတယ်''

ရှောင်းကျန့်ရဲ့စကားဆုံးတာနဲ့ စစ်သူကြီးရော ရန်ဟွားပါ ထိတ်လန့်သွားကြသည်။

"ဒီကျွန် သေလောက်တဲ့အပြစ်ကိုကျူးလွန်မိပါတယ်..မင်းသမီးကိုချမ်းသာပေးပြီး ကျွန်တော်မျိုးကိုသာ အပြစ်ပေးပါ''

"အယ်!''

ချက်ချင်း ခံုအောက်ဆင်းကာ ဒူးထောက်လို့ အသနားခံလာတဲ့ စစ်သူကြီးကိုကြည့်ပြီး ရှောင်းကျန့် သနားလည်းသနားသလို ရယ်လည်းရယ်ချင်မိသည်။

"စစ်သူကြီးကို ဘာမှမလုပ်ပါနဲ့ ကျွန်တော်မျိုးမကိုပဲ အပြစ်ပေးပါ အရှင်''

"တော်ပြီ! နှစ်ယောက်လုံး အပေါ်မှာပြန်ထိုင်!''

ရှောင်းကျန့်အော်လိုက်တော့မှ နှစ်ယောက်သား မျက်နှာငယ်လေးတွေနဲ့ ခုံပေါ်မှာပြန်ထိုင်သည်။

"မင်းတို့နှစ်ယောက်ကို ကိုယ်တော် အကူအညီတောင်းစရာရှိလို့ခေါ်တွေ့တာပါ။ မင်းတို့လည်းသိတဲ့အတိုင်းပဲ ကိုယ်တော့်ရဲ့ကြင်ယာတော်လေးက အမျိုးသားတစ်ယောက်မို့ အိမ်ရှေ့စံလေးကို မမွေးဖွားပေးနိုင်ဘူး။ ကိုယ်တော်ကလည်း ကိုယ်တော့်ရဲ့ကြင်ယာတော်လေးမှမဟုတ်ရင် မဖြစ်ဘူးလေ။ အဲ့ဒါကြောင့် မင်းတို့ဆန္ဒရှိမယ်ဆိုရင် ရန်ဟွားမင်းသမီးကို ကိုယ်တော့်ရဲ့ညီမတော်အရိုက်အရာပေးပြီး စစ်သူကြီးနဲ့လက်ဆက်ပေးချင်တယ်။ မွေးလာမယ့်ကလေးကို အိမ်ရှေ့စံအရိုက်အရာကို ဆက်ခံစေချင်တယ်။''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now