arc 3.11 ရှီးယွဲ့လျန် (final)

11.1K 1.1K 69
                                    

❤Unicode

"တောက်!''

လီကျင့်တစ်ယောက် သူ့အရှေ့မှာရှိနေတဲ့ ဓာတ်ပုံထဲကလူနှစ်ယောက်ကိုကြည့်ပြီး ဒေါသထွက်နေသည်။ သူကဘာမှမလုပ်ချင်လို့ လွှတ်ထားတာကို ယွဲ့လျန်က အကောင်းထင်နေတယ်ထင်ပါရဲ့..။

"ကိုကို အဲ့ကောင်ကိုကျောင်းမှာဆက်ထားနေရင် ကျောင်းကဆရာတွေအကုန် အလုပ်ထွက်မယ်လို့ပြောနေကြပြီ''

"ပါးစပ်ပိတ်ထားစမ်း ကျား​ေအာ် ကိုကိုဒေါသမထွက်ချင်ဘူး''

လီကျင့်ဆီကအအော်ခံလိုက်ရတာကြောင့် လီကျားကျားစိတ်တွေ လွတ်ထွက်ကုန်သည်။

"ကိုကိုဘာလို့အဲ့ကောင်အပေါ် အဲ့လောက်တောင်စွဲလန်းနေရတာလဲ? ကိုကို့ကိုတစ်ချိန်လုံးချစ်နေခဲ့တဲ့ ကျားအော်ကိုရော ကိုကိုထည့်မတွက်တော့ဘူးလား!''

"ကျားအော်! ဒီစကားတွေကို ထပ်မပြောရင်ကောင်းမယ်''

သူ့ကိုပြောပြီးထွက်သွားတဲ့ လီကျင့်ရဲ့ကျောပြင်ကိုကြည့်ပြီး သူမကောက်ကျစ်စွာပြုံးလိုက်သည်။

"လီကျားကျားဆိုတာ လိုချင်တ့ဲအရာကို မရရရအောင်ယူတတ်တယ်..ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် ကိုကိုက လီက​ျားကျားရဲ့အပိုင်ဖြစ်လာစေရမယ်''

......

ဓာတ်ပုံတွေကို လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း လီကျင့်ကားကို တရကြမ်းမောင်းထွက်လာခဲ့သည်။ ဒီကိစ္စကို ယွဲ့လျန်ကို သေချာအောင်​ဖြေရှင်းခိုင်းရမယ်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒီနေ့ကစပြီး ယွဲ့လျန်က သူ့အပိုင်ပဲ။ သူသာဆန္ဒရှိရင် ဘယ်သူတားရဲမလဲ..။

ယွဲ့လျန်ရဲ့ကော်ဖီဆိုင်လေးအရှေ့မှာ လီကျင့် သူ့ရဲ့ကားကိုထိုးရပ်ပြီး ဆိုင်ထဲကို ကမူးရှူးတိုးနဲ့ ဝင်လာလိုက်သည်။ ဆိုင်ထဲရောက်တော့ ကောင်တာမှာ ထိုင်နေတဲ့ယွဲ့လျန်ကိုတွေ့တာကြောင့် ယွဲ့လျန်ရဲ့လက်ကို အတင်းဆွဲလို့ ကောင်တာအပြင်ကို ဆွဲထုတ်လိုက်သည်။

"လွှတ်စမ်း! လီသခင်လေး ဒါဘယ်လိုအပြုအမူမျိုးလဲ''

သူ့ရဲ့လက်ကနေ အတင်းရုန်းထွက်နေတဲ့ယွဲ့လျန်ကြောင့် လီကျင့်ဒေါသတွေ ပိုဆိုးလာသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now