arc 5.7 လျိုရှစ်ယင်း

8.8K 939 139
                                    

❤Unicode

ရှောင်းကျန့် အခုသူ့ချစ်သူနဲ့အတူ မြို့တော်စျေးထဲကိုရောက်နေပြီဖြစ်သည်။ မြို့တော်စျေးက သူမရှိတဲ့ ၄ လအတွင်းမှာ ထူးထူးခြားခြားပြောင်းလည်းသွားတာမျိုးတော့ မရ​ှိပေ။

ရှောင်းကျန့်က အဖြူရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားကာ မျက်နှာတစ်ဝက်ဖုံးပြီး ငှက်မွှေးလေးတွေပါတဲ့ ခရမ်းရောင်မျက်နှာဖုံးလေးတစ်ခုကိုတပ်ဆင်ထားသည်။

ဓားကိုကျောမှာမလွယ်တော့ဘဲ လက်မှာကိုင်လာတဲ့ရှောင်းကျန့်က သူ့ချစ်သူကိုယ်တိုင်လုပ်ပေးထားတဲ့ သစ်သားဆံထိုးလေးနဲ့ မဟာဆန်စွာလှပလို့နေ၏။

ရှဲ့ရှဲ့ကတော့ ပေါ့ပေါ့ပါးပါး အနက်ရောင်ဝတ်စုံလေးကိုသာဝတ်ဆင်ထားပြီး ဘာမှဖုံးကွယ်ထားခြင်းမရှိချေ။ သူက သူ့အချစ်ရဲ့လက်လေးတစ်ဖက်ကိုသာ နူးနူးညံ့ညံ့လေး ဆုပ်ကိုင်ထားပြီး မျက်နှာသေနဲ့သာလမ်းလျှောက်နေသည်။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

ရှဲ့ရှဲ့ကတော့ ပေါ့ပေါ့ပါးပါး အနက်ရောင်ဝတ်စုံလေးကိုသာဝတ်ဆင်ထားပြီး ဘာမှဖုံးကွယ်ထားခြင်းမရှိချေ။ သူက သူ့အချစ်ရဲ့လက်လေးတစ်ဖက်ကိုသာ နူးနူးညံ့ညံ့လေး ဆုပ်ကိုင်ထားပြီး မျက်နှာသေနဲ့သာလမ်းလျှောက်နေသည်။

"ရှဲ့သကော ငါတို့အသား​ခြောက်တွေကို ဘယ်နားမှာရောင်းကြမလဲ''

"လာ ကိုယ့်နောက်လိုက်ခဲ့''

ရှောင်းကျန့် သူ့ချစ်သူဆွဲခေါ်ရာနောက်ကိုသာ အသာတကြည်လိုက်သွားလိုက်သည်။ ခဏမျှ​လျှောက်ပြီးချိန်မှာတော့ စျေးရောင်းသူမရှိတဲ့ ဆိုင်ခင်းအလွတ်လေးတစ်ခုကို တွေ့လိုက်ရသည်။

"ရှဲ့သကော မင်းဘယ်တုန်းကဒါကိုစီစဥ်လိုက်တာလဲ''

ရှောင်းကျန့်က ထိုဆိုင်ခင်းအလွတ်လေးကိုကြည့်ရင်း မေးလိုက်သည်။

"ဒီဆိုင်က ကိုယ်လုပ်ထားတာမဟုတ်ဘူး ဒီဆိုင်ပိုင်ရှင်ဦးလေးကြီးက အရင်ကဝက်သားရောင်းတဲ့သူလေ ဒါပေမယ့် ဘယ်သူထင်မှာလဲ ဝက်မိစ္စာသတ်လို့သေသွားရတယ်လေ..အဲ့ဒါကြောင့်ဒီဆိုင်ခင်းက ပိုင်ရှင်မဲ့နေတာ''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Donde viven las historias. Descúbrelo ahora