arc 8.8 Rhiyo Max

6.9K 668 50
                                    

❤Unicode

ဇာတ်လိုက်နှစ်ယောက်ရဲ့ ေချာက်တွန်းမှုကြောင့် ရှောင်းကျန့် ရွှေရောင်အဆင့် zombie သုံးကောင်ကြားကို ရောက်သွားရ၏။ သူရောက်သွားတာနဲ့ zombie တွေက သူ့ကိုစတင်တိုက်ခိုက်လာတာကြောင့် ရေခဲဒိုင်းတစ်ခုကို အလျင်အမြန်ဖန်တီးလိုက်ရသည်။

"သေစမ်း! ဒီကောင်တွေက တော်တော်သန်မာတယ်ဟ''

ရွှေရောင်အဆင့် zombie တွေက သာမန်အဆင့်နိမ့် zombie တွေလိုမဟုတ်ဘဲ အရမ်းသန်မာပြီး စွမ်းအားကြီးသည်။ တစ်ကောင်တည်းကိုတောင် တော်တော်တိုက်ယူရတာဖြစ်ပြီး ခုလိုသုံးကောင်ကြားထဲကျသွားရတာဟာ ရှောင်းကျန့်အတွက်တော့ မခံသာပေ။

'Bunny ငါဒီကောင်တွေကို တစ်ယောက်တည်းမချနိုင်ဘူးဟ တစ်ခုခုလုပ်ပါဦး'

'ခုမှ bunny ကိုလာသတိမရနဲ့ host လင်ကိုပဲအားကိုးလိုက်ပါလား'

'ဒီဖေ..'

"ဝုန်း!''

ရှောင်းကျန့် bunny ကိုပြန်ဆဲဖို့ပြင်လိုက်ပေမယ့် သူ့ကိုရိုက်ချလိုက်တဲ့ zombie တစ်ကောင်ကြောင့် ပြန်မဆဲအားဘဲ တစ်ဖက်ကိုခုန်ရှောင်လိုက်ရသည်။ ဒါကို bunny က ရုပ်ရှင် action ခန်းကြည့်ရသလို ပေါက်ပေါက်ဘူးနဲ့ အအေးပုလင်းနဲ့ အေးဆေးထိုင်ကြည့်နေသေးသည်။

"အချစ်..''

"ေဇး''

"ကိုယ့်အနောက်ကနေ ကာကွယ်ပေး''

"အင်း''

ရှောင်းကျန့် သူ့အနားကိုရောက်လာတဲ့ဇေးကြောင့် အားတက်သွားကာ bunny ကိုစိတ်ထဲကနေ လျှာထုတ်ပြလိုက်သည်။ ပြီးတာနဲ့ ေဇးရဲ့အနောက်ကနေ ကူကာ zombie သုံးကောင်ကို တိုက်ခိုက်ရသည်။

"ေဇး ကျွန်တော်တို့ ကမ္ဘာကြီးငြိမ်းချမ်းသွားရင် zombie တွေကြားက ချစ်ခြင်းတရားဆိုပြီး ကျွန်တော်တို့အ​ကြောင်းကို ဝတ္ထုတစ်ပုဒ်လောက်ရေးရအောင်လား''

ရှောင်းကျန့်က တိုက်နေရင်းကနေ ပြောင်စပ်စပ်နဲ့ ပြောလိုက်တော့ ေဇးက ပြုံးလာ၏။

"မက်စ်လေးသဘောအတိုင်း ဖြစ်စေရမယ်''

"ဟီးဟီး''

ရှောင်းကျန့်က ဘယ်လိုအခြေအနေမျိုးမှာမဆို သူ့ကိုအလိုလိုက်လွန်းတဲ့ ချစ်သူလေးကြောင့် ပျော်ရွှင်နေသည်။ သူတို့နှစ်ယောက်ပေါင်းကာ ထို zombie သုံးကောင်ကို နာရီဝက်လောက်တိုက်ခိုက်လိုက်ရသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now