arc 4.6 Rowan

10.9K 1K 58
                                    

❤Unicode

ရှောင်းကျန့်နဲ့ Rhiannon တို့ စစ်တပ်ကပြန်လာတော့ ထုံးစံအတိုင်း အစေခံတွေက အိမ်ရှေ့မှာတန်းစီလို့ ရပ်နေကြသည်။

"မင်းတို့ကို ခွင့် ၃ ရက်ပေးတယ် အခုပြန်ကြတော့''

Rhiannon ဆီက အမိန့်ဆန်ဆန်ထွက်လာတဲ့ စကားအဆုံးမှာ အစေခံတွေက ခေါင်းတွေငုံ့လို့ အသီးသီးထွက်သွားကြသည်။

"Jory ခဏနေပါဦး''

ထွက်သွားဖို့ပြင်နေတဲ့ Jory ကို Rhiannon တားလိုက်သည်။ ​ဒီနေ့အတွက် သားကောင်တစ်ကောင်ကို အမဲလိုက်ဖို့ သူစီစဥ်ထားသည်။

"ဘာများအလိုရှိပါသလဲ သခင်လေး''

"အိမ်မကြီးတံခါးကိုပိတ်ပြီး ကျွန်တော့်နောက်လိုက်ခဲ့ပါဦး''

Jory ကိုပြောပြီး သူတို့အိမ်ကြီးထဲကို ဝင်လာခဲ့လိုက်သည်။ ပြီးတာနဲ့ Rhiannon ရဲ့အခန်းထဲဝင်လာလိုက်ပြီး နံရံမှာကပ်ထားတဲ့ အဝတ်ဗီရိုကြီးရဲ့ဘေးက ခလုပ်လိုလိုပုံစံနဲ့ဟာလေးကိုနှိပ်လိုက်တော့ ဗီရိုကြီးက အဝေးကိုတွန်းဖယ်ခံလိုက်ရပြီး အနောက်မှ လျှို့ဝှက်တံခါးတစ်ခုပေါ်လာသည်။

ထိုအချိန် Jory ကလည်း သူတို့နှစ်ယောက်အနားကိုရောက်လာသည်။

"Jory အဲ့တံခါးလေးဖွင့်ပေးပါဦး''

"ဟုတ်ကဲ့ပါ သခင်လေး''

Jory က Rhiannon ဖွင့်ခိုင်းတဲ့တံခါးကိုဖွင့်ပေးရင်း သူမသိသေးတာတွေကို လိုက်မှတ်နေလိုက်သည်။ ဒါတွေက တစ်ချိန်မှာ သူတို့ရဲ့ Sun အိမ်တော်အတွက် အသုံးဝင်လာနိုင်သည်။

သူတံခါးကိုဆွဲဖွင့်လိုက်တော့ ပေါ်လာတာက ဓာတ်လှေကားတစ်ခု..။ ထိုဓာတ်လှေကားကို သူထပ်ဖွင့်လိုက်ပြီး Rhiannon တို့အနားကို ပြန်လာလိုက်သည်။

"အချစ် သွားရအောင် Jory ခင်ဗျားလည်းလိုက်ခဲ့ပါဦး''

"Wow! Darling ခင်ဗျားမှာ ဒီလိုအခန်းတွေတောင်လုပ်ထားတာလား? မိုက်လိုက်တာ''

"အထဲရောက်ရင် အချစ်ပိုပြီး သဘောကျသွားလိမ့်မယ်''

တံခါးအဖွင့်မှာ ပေါ်လာမယ့်အရာတွေကို ရှောင်းကျန့်ရင်ခုန်နေသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now