arc 10.3 လွမ်းတစေမောင်

5.4K 489 16
                                    

❤Unicode

အခုချိန်မှာဆိုရင် ရှောင်းကျန့်တစ်ယောက် ရှိုင်းရဲ့ရင်ခွင်ထဲမှာ အချုပ်ခံထားရလေသည်။ သူ့ရဲ့မျက်နှာကလည်း ဒယ်အိုးဖင်လို မဲမှောင်နေ၏။ အကြောင်းမှာကား ဘယ်လိုချော့ချော့ ပျော့မလာတဲ့ ရှောင်းကျန့်ကြောင့် ရှိုင်းက ရင်ခွင်ထဲဖမ်းချုပ်လိုက်ရခြင်းဖြစ်သည်။

"ခေတ္တရာရှိုင်း ခင်ဗျား ကျွန်တော့်ကိုလွှတ်စမ်း''

"လွှတ်ဘူးလွှတ်ဘူး ကိုယ်လွှတ်လိုက်ရင် အချစ်ကထွက်ပြေးသွားမှာပေါ့''

"ထွက်ပြေးရအောင် ငါက ကလေးပေါက်စလား''

"အချစ်က ကိုယ့်ရဲ့ကလေးပေါက်စလေးပဲလေ၊ ခုလိုစိတ်ဆိုးနေတာလေးပဲ ကြည့်ပါလား၊ ဘဲနှုတ်သီးလေးလိုဖြစ်နေပြီ အဲ့ဒါကလေးပေါက်စလေးတွေပဲ လုပ်တဲ့အမူအယာလေးလေ''

အပြောတတ်တဲ့ရှိုင်းကြောင့် ရှောင်းကျန့် မျက်စံကိုပင်လှည့်လိုက်မိသည်။

"ကျစ်! ထွက်မပြေးဘူးဗျာ လွှတ်တော့အခု''

"တကယ်လား''

"တကယ်''

"ကတိနော်''

"ကျစ်! ခင်ဗျားလွှတ်မှာလား မလွှတ်ဘူးလား''

ရှောင်းကျန့်ရဲ့မျက်နှာက ခရမ်းသီးမီးဖုတ်လို ပုတ်သိုးလာလေသည်။ ရှိုင်းလည်း ထပ်စမနေတော့ဘဲ လွှတ်ပေးလိုက်ရသည်။ မဟုတ်လို့ သူ့ကိုအတည်ကြီးစိတ်ဆိုးသွားရင် ချော့ရမလွယ်ပေ။ ခုတောင် အတော်ချော့ယူနေရတာဖြစ်သည်။

သူလွှတ်ပေးလိုက်တော့ တစေက သူ့ကိုမျက်စောင်းထိုးပြီး တစ်ဖက်လှည့်သွားလေသည်။

"တစေ မင်းရဲ့ mission ကဘာလဲ ကိုယ်ဝိုင်းကူမယ်လေ''

"ခင်ဗျားအကူအညီမလိုဘူး ကျွန်တော့်ဘာသာ တတ်နိုင်တယ်''

"အကူအညီမလိုဘူးဆိုရင်တောင် သိချင်တယ်လေတစေ''

ရှိုင်းရဲ့စကားကြောင့် ရှောင်းကျန့် မျက်လုံးလှန်ကာကြည့်လိုက်သည်။ သူ့ရဲ့စိတ်ထဲမှာလည်း အကြံဆိုးလေးတစ်ခုပေါ်လာပြန်သည်။

ရှောင်းကျန့် ရှိုင်းကို ခပ်မဲ့မဲ့စိုက်ကြည့်လိုက်သည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now