❤Unicode
"ကျိုးရိရန်....ရိရန်လေးလား..အားးးးးး ငါမရတော့ဘူး..ချက်ချင်းသွားနမ်းပစ်ချင်လာပြီ..အီးးးး''
လျှို့ဝှက်ကင်မရာကိုကြည့်ပြီး စာအုပ်ကိုပါးစပ်နဲ့ကိုက်လို့ တအီအီဖြစ်နေတဲ့ host ဖြစ်သူကို bunny လေးမျက်စောင်းထိုးလိုက်တယ်။
'ဟိုက ကလေးပဲရှိသေးတာနော်..သက်ငယ်မုဒိန်းမှုတွေဖြစ်ကုန်မယ်..အိန္ဒြေလေးဘာလေးထိန်းပါဦး'
'မနာလိုဖြစ်နေတာမလား..bunny စုတ် သူများပျော်ရွှင်နေတာကို FA တွေကအဲ့လိုပဲ..သောက်ကျင့်ကိုမကောင်းဘူး'
'ဒီဖေ...'
Bunny ခင်ဗျာ သူ့ကိုလာနှိမ်နေတဲ့ host ကို ဆဲပစ်လိုက်ချင်ပေမယ့် သူကအလိမ္မာတုန်းလေးမို့ ဆန္ဒကိုသိက္ခာနဲ့ထိန်းလိုက်တယ်။ ဒီ host ရိုင်းသလို bunny လေးလိုက်မရိုင်းနိုင်ဘူး။
'Bunny လေး ငါ့ကိုရိရန်အကြောင်းစုံစမ်းပေး'
'ခိုင်းစရာရှိရင်တော့သတိရပြီမလား..ဒီက bunny က လိုသုံးသာသာပါပဲ'
ဖင်ခါပြီးထွက်သွားတဲ့ bunny ကို ရှောင်းကျန့်အနောက်ကနေပြေးကန်ပစ်ပလိုက်ချင်တယ်။ bunny စုတ်က တအားစကားများတာပဲ..။ ရှောင်းကျန့် bunny ကိုပလစ်လိုက်ပြီး ကင်မရာထဲမှာပေါ်နေတဲ့ green tea ဘူးလေးကိုနမ်းလို့ သူ့ရဲ့စားပွဲပေါ်တင်လိုက်တဲ့ရိရန်ကို ပြုံးပြုံးကြီးကြည့်နေမိတယ်။ ရိရန်ကို ညာတာပါတေးန့ဲ နမ်းကြည့်ဖို့ပဲကျန်တော့တယ်။
"ဆရာ! လုပ်ပါဦး A ခန်းကကောင်တွေ ကျိုးရိရန်ကို ဝိုင်းထိုးနေကြတယ်''
"ဘာ! ဘယ်မှာလဲ အခုသွားမယ်''
ရှောင်းကျန့် ကျောင်းသားလေးလာခေါ်တဲ့နောက်ကို အမြန်လိုက်သွားနေမိတယ်။ ရိရန်ကဆင်းရဲတာမို့ သူဌေးသားအများစုကအနိုင်ကျင့်ချင်ကြတယ်။ အရင်က သူဘာမှဝင်မပြောခဲ့ပေမယ့် အခုတော့မရတော့ပေ။ တကယ်လို့ ရိရန်သာ သူ့လူကြီးဖြစ်နေခဲ့ရင်ဆိုတဲ့အတွေးတွေက သူ့ရဲ့စိုးရိမ်စိတ်ကို ပိုပြီးမြင့်တက်စေတယ်။
ရှောင်းကျန့်ရောက်သွားတော့ ရိရန်ကို တခြားကျောင်းသားနှစ်ယောက်က တစ်ဖက်စီချုပ်ထားပြီး နောက်တစ်ယောက်က ရိရန်ရဲ့ဗိုက်နားကိုထိုးလိုက်တာကို တွေ့လိုက်ရတယ်။ ရိရန်ရဲ့မျက်နှာမှာလည်း ဒဏ်ရာတွေမှနည်းတာမဟုတ်ဘူး။ ရှောင်းကျန့် ထိုအနားကို အမြန်ပြေးသွားလိုက်တယ်။
YOU ARE READING
𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎
FanfictionYIZHAN SYSTEM fic လေးပါ... စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ရပါတယ်နော် Start date ~~ 22.5.2021 End date ~~ ?