❤Unicode
ရှောင်းကျန့် သူ့ရဲ့ကိုယ်ပိုင်ရုံးခန်းလေးထဲမှာထိုင်ပြီး ပထမ mission အတွက် အကြိတ်အနယ်ကြိုးပမ်းနေတယ်။ သူ့ရဲ့စားပွဲပေါ်မှာ ကိုလာတစ်ဘူးနဲ့ pizza တစ်ဘူးရှိနေပြီး ပလုတ်ပလောင်းဝါးစားနေတယ်။ ကိုလာလေးသောက်လိုက် pizza လေးစားလိုက်နဲ့ ရှောင်းကျန့်တစ်ယောက် အရမ်းကိုဟန်ကျလို့နေတယ်။ ဒီကမ္ဘာကိုရောက်ပြီးတဲ့သုံးရက်အတွင်းမှာ မြို့ထဲမှာရှိတဲ့ စားသောက်ဆိုင်တိုင်းလိုလိုကို ရှောင်းကျန့်ရောက်ပြီးသွားပြီ။
'အယ်! Bunny ငါမင်းကိုမေးဖို့ေမ့နေတာ..အခုဇာတ်ကြောင်းက ဘယ်အခြေအနေရောက်နေပြီလဲ'
'သတိရလို့တော်သေးတာပေါ့..ကျွန်တော်က နောက်ကမ္ဘာကူးဖို့တောင်ပြင်ထားပြီးပြီ'
Bunny လေးက အစားအသောက်တွေကြားမှာပျော်မွေ့နေတဲ့ host ဖြစ်သူကို ရွဲ့ပြီးပြောလိုက်တယ်။ pizza လေးတစ်ခုတောင်းစားတာတောင် မကျွေးချင်တဲ့ host ကို bunny လေးစေတနာမရှိတော့ဘူး။
'ပြောမှသာပြောစမ်းပါ..လျှာကိုရှည်တယ်'
'ခဏနေရင် ကျောင်းကိုဇာတ်လိုက်လာတော့မှာ...host ရှောင်နေသင့်တယ်'
Bunny လေးရဲ့စကားကိုကြားတော့ ရှောင်းကျန့်ကမျက်စောင်းထိုးတယ်။
'ဘာကိစ္စရှောင်နေရမှာလဲ..ဇာတ်လိုက်နဲ့ဇာတ်လိုက်မကို ငါကကလိဦးမှာ'
လူယုတ်မာပြုံးနဲ့ရှောင်းကျန့်က ကြည့်ရဆိုးလိုက်တာလို့ bunny လေးတွေးလိုက်တယ်။ ဒီလိုမျိုး သောက်ကျင့်တစ်စက်ကလေးမှမကောင်းတဲ့သူကို ဘဝဆက်တိုင်းချစ်နေနိုင်တဲ့လူကိုတော့ bunny လေးအံ့သြလွန်းလို့..။
"ဒေါက်! ဒေါက်!''
"ဆရာ..အတန်းအတွက်လိုအပ်တဲ့ပစ္စည်းတွေ လာယူပါတဲ့ ကျောင်းအုပ်ကြီးက''
"ကောင်းပြီ..လာခဲ့မယ်''
သူ့ကိုလာခေါ်တဲ့တပည့်လေးကို ပြန်ဖြေပြီး pizza လက်ကျန်ကို ပါးစပ်ထဲထိုးသွပ်ပစ်လိုက်တယ်။ ပြီးတာနဲ့ လက်ဖဝါးပေါ်ကို ဖွီခနဲတံတွေးတစ်ချက်ထွေးထည့်ပြီး ဆံပင်ကေကိုပုံသွင်းလိုက်တယ်။
ESTÁS LEYENDO
𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎
FanficYIZHAN SYSTEM fic လေးပါ... စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ရပါတယ်နော် Start date ~~ 22.5.2021 End date ~~ ?