❤Unicode
"ဟိုလူကြီး သွေးပေါင်ချိန်ရအောင်''
ရှောင်းကျန့်ပြောလိုက်တော့ Rhiannon က သူ့ရဲ့ဘယ်ဘက်လက်ကိုထုတ်ပေးသည်။
"သွေးပေါင်ကတော့ ပုံမှန်ပဲ..တစ်နေရာက တစ်ခုခုနာကျင်တာမျိုးရှိလား''
သူထပ်မေးတော့ Rhiannon က ခေါင်းခါပြသည်။
ရှောင်းကျန့် သူနဲ့အတူရှိနေတဲ့အချိန်နှစ်ရက်အတွင်းမှာ Rhiannon ရဲ့အသံကို တစ်ခါမှမကြားဖူးသေးပေ။ထိုလူစကားမပြောတတ်ဘူးလာလို့တောင် ရှောင်းကျန့် ထင်ချင်လာသည်။
'Bunny Rhiannon က စကားမပြောတတ်ဘူးလား'
'စကားနည်းတာပါ host'
ရှောင်းကျန့် bunny ေလးရဲ့အဖြေကိုကြားပြီး သေချင်စော်နံသွားသည်။ ဒီအတိုင်းသာဆို သူပါ ရောယောင်ပြီး အ,သွားနိုင်သည်။ အတွေးနဲ့တင် ရှောင်းကျန့်တစ်ယောက် ကြက်သီးထသွားသည်။ သူပါအ,သွားလို့တော့မဖြစ်ဘူး၊ ရိပေါ်ကိုရှာရဦးမယ်။
"Rowan''
"ဗုဒ္ဓေါ!''
ရုတ်တရက်ကြီး သြရှရှအသံနဲ့ခေါ်လိုက်တာကြောင့် ရှောင်းကျန့် ရင်ထဲဒိန်းခနဲဖြစ်သွားရသည်။ လန့်စရာအသံကြီးက..။
"မင်းနာမည်က Rowan ဟုတ်တယ်မလား''
"ဟုတ်..ဟုတ်ပါတယ်''
Rhiannon သူ့အရှေ့ကကောင်လေးကိုကြည့်နေမိသည်။ နှစ်ရက်လုံးလုံးသူ့အနားက တစ်ဖဝါးမှမခွာဘဲ ဆိုဖာပေါ်မှာပဲ ထိုင်လိုက်၊အိပ်လိုက်၊ စားလိုက်သောက်လိုက်လုပ်နေတဲ့ ထိုကောင်လေးက ကြည့်တာနဲ့ အပျင်းဘွဲ့ရထားမှန်းသိသာသည်။
အခုလည်း သူခေါ်လိုက်လို့လန့်သွားတယ်ထင်ပါရဲ့ ရင်ဘတ်လေးကိုလက်နဲ့ဖိပြီး သူ့ကိုပြူးကြောင်ကြောင်လေးနဲ့ကြည့်နေပြန်ပြီ..။ Rhiannon တစ်ယောက် ကိုယ်တိုင်တောင်မသိဘဲ ပြုံးလိုက်မိသည်။ ဒီ Omega လေးက ဖြူဖြူစင်စင်နဲ့အပြစ်ကင်းပြီး ချစ်ဖို့ကောင်းသည်။
ရှောင်းကျန့်ကတော့ Rhiannon ရဲ့အပြုံးကိုမြင်ပြီးစိတ်ထဲကနေတွေးလိုက်သည်။
'တော်သေးတာပေါ့ ပြုံးတတ်သေးလို့ မဟုတ်ရင် ကျောက်တုံးကြီးကိုထိုင်စောင့်နေရတယ်လို့တောင် ထင်မိတော့မယ်'
YOU ARE READING
𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎
FanfictionYIZHAN SYSTEM fic လေးပါ... စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ရပါတယ်နော် Start date ~~ 22.5.2021 End date ~~ ?