❤Unicode
ရှောင်းကျန့် bunny ပြတဲ့လမ်းကနေလိုက်လာခဲ့တာ အခုဆို ဇာတ်လိုက်နှစ်ယောက်ရဲ့ အခြေစိုက်စခန်းကိုရောက်လာပြီဖြစ်သည်။ zombie တွေကို သတ်ရမှာပျင်းပေမယ့် ဒီအတိုင်း သက်သက်ကြီးလမ်းလျှောက်ရမှာလည်း ပျင်းတာကြောင့် zombie တွေကိုသာ ကြက်ကလေး၊ ငှက်ကလေးလို သတ်လာခဲ့သည်။
ဇာတ်လိုက်တို့ရဲ့ စခန်းဂိတ်ကိုရောက်တော့ ဂိတ်စောင့်နှစ်ယောက်က သူကိုစစ်ဆေးပြီး စခန်းထဲကိုဝင်ကာ သတင်းသွားပို့လေသည်။ ရှောင်းကျန့်လည်း ဂိတ်တံခါးကိုမှီကာသာ ပျင်းတိပျင်းရွဲပုံစံနဲ့ စောင့်နေလိုက်သည်။
ခဏကြာတော့ စခန်းထဲဝင်သွားတဲ့ဂိတ်စောင့်လေးက ခပ်ချောချောလူတစ်ယောက်န့ဲအတူ ဂိတ်ဝကိုပြန်ထွက်လာသည်။ ထိုလူကို အဝေးကကြည့်နေတာတောင် ထိုလူ့ရဲ့အရှိန်အဝါတွေကို ရှောင်းကျန့် ငေးယူနေသည်။
'Bunny အဲ့ဒါဇာတ်လိုက်လား'
'ဘယ်ကသာ အဲ့ဒါဒုတိယဇာတ်လိုက်ဗျ၊ သူကဇာတ်လိုက်ထက်စွမ်းအားကြီးတယ်၊ ဇာတ်လိုက်မနဲ့မညားလို့သာ ဒုတိယဇာတ်လိုက်ဖြစ်သွားရတာ'
'သူ့ရဲ့အဆုံးသတ်ကရော'
'သူက ကမ္ဘာကြီးငြိမ်းချမ်းသွားတော့ ကမ္ဘာအနှံ့ခရီးတွေထွက်ပြီး လူပျိုကြီးပဲလုပ်သွားတယ်'
'အင်း'
ထိုနှစ်ယောက် သူ့အနားရောက်လာတာကြောင့် ရှောင်းကျန့် bunny နဲ့စကားပြောနေတာကို ရပ်လိုက်သည်။
"သူပါ ဒုခေါင်းဆောင်''
"အင်း ငါနဲ့လိုက်ခဲ့''
တစ်ခွန်းတည်းပြောပြီး ပြန်ထွက်သွားတဲ့ထိုလူကြောင့် ရှောင်းကျန့်နေရာမှာတင် ကြောင်တောင်တောင်လေးရပ်နေမိသည်။ သူ့ကိုလိုက်ဖို့ခေါ်တာလား၊ ဂိတ်စောင့်လေးကိုလိုက်ဖို့ခေါ်တာလား။
ထိုလူက သူနဲ့တော်တော်လှမ်းလှမ်းကို ရောက်သွားတဲ့အထိ ရှောင်းကျန့် နေရာကနေမရွေ့မိသေးပေ။
"လာလေ အဲ့မှာဘာရပ်လုပ်နေတာလဲ''
"ကျွန်တော့်ကိုခေါ်တာလား''
"မင်းကိုမခေါ်လို့ ငါကဘယ်သူ့ကိုခေါ်ရမှာလဲ ကျပ်မပြည့်ဘူးလား''
YOU ARE READING
𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎
FanfictionYIZHAN SYSTEM fic လေးပါ... စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ရပါတယ်နော် Start date ~~ 22.5.2021 End date ~~ ?