arc 10.8 လွမ်းတစေမောင်

4.3K 408 11
                                    

❤Unicode

၁၀ နာရီထိုးခါနီးတော့ ဆရာတော်က တရားပေးတော့မှာဖြစ်တာကြောင့် တရားသဘင်ရှိရာကို ဧည့်သည်အားလုံးသွားကြသည်။ ရှောင်းကျန့်တစ်ယောက် တရားပွဲစခါနီးမှ အိမ်သာတက်ချင်လာလေသည်။

"ရှိုင်း ကျွန်တော် toilet ခဏသွားဦးမယ်"

"ကိုယ်လိုက်ခဲ့မယ်"

"မလိုက်တော့နဲ့ တရားပွဲစတော့မယ်လေ ကျွန်တော်မကြာပါဘူး မြန်မြန်ပြန်လာခဲ့မယ်"

"အင်း ဂရုစိုက်နော်အချစ် စိတ်ချမယ်"

"စိတ်ချပါ"

ရှောင်းကျန့် ရှိုင်းကိုပြောပြီး Toilet ဆီထွက်လာခဲ့သည်။ ၁၀ မိနစ်လောက် ကိစ္စရှင်းပြီးတဲ့အချိန်မှာတော့ တရားပွဲကိုပြန်သွားဖို့ပြင်ရသည်။ ဆရာတော်က တရားပေးနေပြီမို့ မြန်မြန်သာပြန်ထွက်လာလိုက်သည်။ သို့ပေမယ့် ရှောင်းကျန့်တစ်ယောက် တရားပွဲမရောက်ခင်မှာပင် နှာခေါင်းကို အဝတ်တစ်ခုနဲ့အုပ်ခံလိုက်ရကာ သတိလစ်သွားတော့သည်။

တစ်ဖက်မှာလည်း နာရီဝက်လောက်ကြာနေတာတောင် ပြန်မရောက်သေးတဲ့အချစ်ကြောင့် ရှိုင်းစိတ်ပူလာလေသည်။ တရားပွဲကလည်း ခရီးရောက်နေပြီဖြစ်တာကြောင့် ထလိုက်သွားဖို့ကအဆင်မပြေပေ။

စိတ်တွေပူနေပြီး အလွမ်းရဲ့လက်စွပ်ထဲမှာထည့်ထားတဲ့ ‌ေြခရာခံစက်ကိုကြည့်လိုက်ချိန် တည်နေရာက အိမ်ခြံဝန်းထဲမှာမရှိတဲ့အပြင် ဆက်ရွေ့နေဆဲမို့ ရှိုင်းတစ်ကိုယ်လုံး ပူထူသွားတော့သည်။

တရားပွဲကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ဝုန်းခနဲထရပ်ကာ ပြေးထွက်သွားတော့သည်။ ရှိုင်းရဲ့အလောတကြီးဖြစ်ရပ်ကြောင့် သက်တော်စောင့်တွေကလည်း အသင့်အနေအထားဖြစ်သွားကြသည်။

"အခုချက်ချင်း YZ မြို့ကိုသွားတဲ့လမ်းတစ်လျှောက်လုံးမှာရှိတဲ့ လူတွေကို အကြောင်းကြားပြီး ကားမှန်သမျှစစ်ဆေးစမ်း! အလွမ်းကိုတွေ့အောင်ရှာကြ တောက်! ငါ့ပိုင်နက်ထဲလာပြီး ငါ့လူကိုထိပါးရဲလောက်တဲ့အထိ ဘယ်သူကသတ္တိတွေ သိပ်ကောင်းနေတာလဲငါသိချင်တယ်"

ရှိုင်းရဲ့ပေါက်ကွဲထွက်တော့မတတ် အခြေအနေကြောင့် တရားပွဲက ရုတ်ရုတ်သဲသဲဖြစ်သွားရသည်။ ရှိုင်းနဲ့လွမ်းရဲ့မိဘတွေကလည်း ရှိုင်းအနားကို အပြေးရောက်လာကြသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now