arc 4.3 Rowan

11.5K 1K 36
                                    

❤Unicode

ရှောင်းကျန့် Atlas ကိုပဲ တောက်လျှောက်လိုက်ကြည့်နေမိသည်။ သူ့စိတ်ထဲမှာလည်း တစ်ခုခုမှားနေတယ်လို့ခံစားနေရသည်။ ဗိုလ်ချုပ် Atlas နဲ့ Rhiannon နဲ့က အသိတွေဆိုတာ မူလ Rowan ရဲ့မှတ်ဉာဏ်ထဲမှာမပါပေ။

အတော်ကြာအကဲခတ်ပြီးနောက်မှာ Atlas ရဲ့အပြုအမူတွေက ပုံမှန်ပဲမို့ ရှောင်းကျန့်စိတ်လျှော့လိုက်သည်။ Atlas က သူ့ချစ်သူအတွက် အန္တရာယ်မရှိနိုင်ဘူး..။

Rhiannon ကတော့ Atlas ကိုပဲကြည့်နေတဲ့ Rowan ကြောင့် ဂျယ်လီတွေအတုံးလိုက်အတစ်လိုက် နင်နေပြီဖြစ်သည်။ ပစ္စည်းတွေသိမ်းပေးနေတဲ့ Atlas ကို ဆိုဖာပေါ်ကနေ မျက်စိဒေါက်ထောက်ကြည့်နေတာကြောင့် သူဘဝင်မကျချင်တော့ပေ..။

"Rowan''

"ဗျာ''

ရှောင်းကျန့် Rhiannon ရဲ့အသံကြောင့် ကြည့်လိုက်တော့ Rhiannon ကဆူပုတ်နေပြီး အကြည့်တွေထဲမှာတင် လျှာလကာရည်တွေမှောက်ကျနေတာကို တွေ့နေရသည်။

ရှောင်းကျန့် ရယ်ချင်သွားသည်။ သူ့လူကြီးက သဝန်တွေတိုနေပြန်ပြီထင်ပါရဲ့..။ ရှောင်းကျန့်လည်း စိတ်ကောက်တော့မယ့်ပုံပေါ်နေတဲ့ Rhiannon ကြောင့် ထိုင်ရာကနေထလိုက်ပြီး Wheel Chair လေးတစ်ခုကိုယူလိုက်သည်။ ပြီးတာနဲ့ Rhiannon ဆီကိုသွားလိုက်ပြီး ပြုံးပြုံးလေးကြည့်လိုက်သည်။

"Rhiannon အပြင်ကိုအရင်သွားနှင့်မလား? လေကောင်းလေသန့်လေးရှူရင်း''

"အင်း''

မျက်နှာတည်ကြီးနဲ့ Rhiannon က Rowan ရဲ့အဆိုကိုလက်ခံလိုက်သည်။ ဘာပဲဖြစ်ဖြစ် Rowan က သူ့အနားမှာရှိနေပြီး တခြားသူကိုကြည့်နေတာမျိုးတော့ မလိုချင်ပေ။

"လာ ကျွန်တော့်ပုခုံးကိုဖက်လိုက် ဟိုအစ်ကိုကြီး Rhiannon ကို Wheel chair ပေါ်တင်ဖို့ ကူပေးနိုင်မလား?''

"အာ ဟုတ်ကဲ့ခင်ဗျ''

သူခေါ်လိုက်တော့ Atlas က Rhiannon ကို wheel chair ပေါ်တင်ဖို့ကူပေးသည်။ Rhiannon ကတော့ Rowan က Atlas ကိုခေါ်လိုက်တာကြောင့် ဂျယ်လီတွေနင်ပြီးရင်းနင်နေတော့သည်။

"သွားရအောင်နော်''

ရှောင်းကျန့်တစ်ယောက် Atlas ကိုလှည့်မကြည့်တော့ဘဲ Rhiannon ရဲ့ wheel chair လေးကိုတွန်းလာလိုက်ပြီး ဆေးရုံအပြင်ဘက်ကိုထွက်လာလိုက်သည်။ ထို့နောက် ဆေးရုံရှေ့ကပန်းခြံသေးသေးလေးဆီကို ထပ်တွန်းလာလိုက်ပြီး အရိပ်ရမယ့်အပင်ကြီးကြီးအောက်မှာ wheel chair လေးကိုရပ်လိုက်သည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now